ဆုတောင်းမိတယ် ငယ်ချစ်ရယ်

ဘယ်လောက်တောင်..ဝေးကွာနေရအုံးမှာလဲ...ချစ်သူရယ်...
လူတွေ..သိလို့မဖြစ်တဲ့အချစ်နဲ့..တို့နှစ်ယောက်..ချစ်ခဲ့ကြပြီ....

အဦးဆုံးအချစ်နဲ့...နောက်ဆုံးအချစ်ကို...ချစ်ခဲ့သူတစ်ယောက်အတွက်...
ကံဇာတာရယ်..ဒီတစ်ခါတော့လှည့်ပေးပါ....

ကံကြမာရယ်...တို့နှစ်ဦး..ဘယ်တော့ပေါင်းစပ်ရပါ့မလဲ..
ဆုတောင်းလိုက်ပါတယ်..ချစ်သူ..
ရက်စက်တဲ့..အချိန်ကို မကျော်ဖြတ်ပါရစေနဲ့လို့...ချစ်သူရယ်

ရှာပေးပါ ဂစ်တာလေးရယ်

စိမ်းလဲ့နေတဲ့..တောင်ပြာတန်းရယ်...
မြူတွေကြားမှာပျောက်ကွယ်နေပြီလား..

တို့နှစ်ယောက်...အတူလျှောက်ဖူးတဲ့..လမ်းကလေးရယ်..
အဘယ်ကြောင့်..မြူတွေက ပိတ်ကာထားတယ်...

စိုစွတ်တဲ့..အနွေးထည်ရယ်...
နှင်းခဲတွေကကြွေ..နှင်းမိုးတွေကရွာ..

ဂစ်တာလေးရယ်...
သံစဉ်နဲ့..ချစ်သူကို...
ဘယ်လိုရှာရမလဲကွယ်...

ရင်မဆိုင်ရဲလို့ပါ

စာလေးတစ်လုံးရေးတိုင်း....
မင်းကိုဘဲရည်စူးရေးခဲ့တယ်...

လာမည့်နေ့တိုင်းသာ...ရေးခဲ့မယ်ဆိုရင်..
ချစ်သူ....တို့ရဲ့စာလုံးလေးတွေပေါ်မှာ..
မင်း...လမ်းခင်းလို့လျှောက်နေရပြီ...

ပြောင်းလဲခြင်းတရားက...တို့နှစ်ယောက်ရဲ့နောက်က...
ကပ်လိုက်ပါလာခဲ့မယ်ဆိုခဲ့ရင်တောင်...
ပြောင်းလဲခြင်းကို...အံတုလို့....ဗျူဟာခင်းလိုက်ပါ့မယ်...

ဟိုတစ်ဖက်ကမ်းမှာ...ချောက်ရှိခဲ့ရင်တောင်..
မင်းပါမယ်ဆိုရင်..တံတားခင်းလို့ ဆက်လျှောက်လိုက်မယ်...

လာပါချစ်သူ....မလာချင်ဘဲမနေပါနဲ့....
အခက်အခဲအားလုံးကိုရင်ဆိုင်ပါ့မယ်....
အဲဒါတွေဟာ
နှလုံးသားရဲ့...ဆုံးရှုံးမှုဒဏ်ကို...
အစ်ကို...ရင်မဆိုင်ရဲလို့ပါကွာ...

တစ်ခုတော့ လက်ခံပေးပါ..ချစ်သူ

အချိန်တိုင်းက နှလုံးသားနဲ့ဆက်နွယ်နေတယ်ဆိုရင်...
မင်းရင်ထဲက စမ်းချောင်းကလေး ဘယ်ကို စီးဆင်းနေမလဲ...

အေးချမ်းတဲ့ သစ်ပင်အောက်ကနေ...
နေရောင်အောက်ကို မထွက်ချင်ပါနဲ့....

ကိုယ်သာ မင်းအတွက်ဆိုရင်....
မင်းသာ ကိုယ့်အတွက်ဖြစ်ပါစေ....

မမျှော်လင့်တဲ့ဘ၀လေးထဲမှာ တွေ့ကြပေမဲ့....
အရာရာအားလုံး မှေးမှိန်မနေပါနဲ့....
မမျှော်လင့်တဲ့ အချစ်တွေက..မင်းဆီကို ရောက်လာမယ်ဆိုတာ...
လက်ကမ်းလို့ ကြိုလင့်နေပါ...

မဝေးကြပေမဲ့ ..ဝေကြမဲ့စကားလုံးက...
နောက်ကပါလာစမြဲပါ...
ဒါပေမဲ့ချစ်သူ..
မနီးပေမဲ့.....
မဝေးဘူးဆိုတာတော့..လက်သင့်ခံလိုက်ပါ....

အချစ်တစ်ခုမွေးဖွားခဲ့ခြင်း

ဟိုတစ်ချိန်တုန်း..အိမ်မက်လေးတစ်ခုကို..တစ်ယောက်သောသူ ပြန်မက်ခွင့်ရခဲ့တာ အမှန်ပါလို့ပြောရင်... အရူးလို့ပြောကြမှာလား.. မယုံရင်..အချစ်ပုံပြင်လေးတစ်ပုဒ်ပေါ့ကွာ....ဒါဟာတကယ်ပါလို့ ပြောမဲ့သူ တစ်ယောက်တော့ ရှိတယ်...သူက ? သူက?

လေအေးအေးလေးနဲ့ မိုးကရွာနေတာတော့မဟုတ်ပါဘူး... ရေမှုံလေးတစ်စတစ်စလေးပေါ့... ညမှောင်ရဲ့ အင်အားကို အအေးဓါတ်လေးပေးရင်း လယ်ကွက်လပ်လေးတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ဖားလိုက်ရိုက်ရတဲ့ အရသာလေးကတော့ ဘယ်သူကိုမှာတောင် မမြင်မိတော့ပါဘူး... အရာရာတိတ်ဆိတ်နေတဲ့ထဲက ဖားတွေရဲ့ အော်ဟစ်သံကတော့ ဆူညံ့နေဆဲပါ... နောက်မိနစ်ပိုင်းချိန်လေးမှာ ကိုယ့်ရင်ကို တုန်လှုတ်သွားမဲ့ အရာတစ်ခု ပေါ်လာမယ်ဆိုတာကို မထင်မိခဲ့တဲ့ ကိုယ့်ရဲ့လွတ်လပ်တဲ့ နှလုံးသားတစ်ခုကို အခုချိန်လေးအတွင်း တွင်သာပိုင်ဆိုင်ထားခဲ့တယ်... "ဟ" ကျွန်တော် နဲနဲလန့်သွားမိတယ်... ညအချိန်မှာ (၇နာရီကျော်ကျော်) လူမရှိဘူးထင်လောက်တဲ့ အာရုဏ်က ဓါတ်မီးနဲ့ ကျော်စံကွေးလေးကို အာရုဏ်စိုက်ရင်းလယ်ကွက်လေးဘေးက လမ်းမပေါ်အတက် ခြေတစ်စုံပေါ့...အနည်းငယ်တော့ လန့်သွားတာအမှန်ပါ..သူငယ်ချင်းတွေကိုကြည့်တော့ ကျွန်တော့ကိုတောင်ကျော်တက်သွားပြီ... အင်း ဒါဘယ်သူတုံး... ခြေထောက်ဖွေးဖွေးလေးကိုစုရပ်လို့..ဘောင်းဘီအနီအရှည်လေးကိုဒူးခေါင်းထိ ခေါက်ပြီးတင်ထားတဲ့ ကောင်မလေးတစ်ယောက်ပေါ့... မမြင်ဖူးပါဘူး... ငါဒီရပ်ကွက်မှာနေတာ...တော်တော်တော့ကြာနေပါပြီ... ဘယ်သူလဲ... ရုပ်ကလေးကတော့ ငါ့ကိုတောင် ရှေ့နေလုပ်မဲ့ရုပ်ပါလား.... ကျွန်တော်..စဉ်းစားရင်းနဲ့ လက်ကသူ့အလိုလို ကောင်မလေးရဲ့ မျက်နာအား ဓါတ်မီးနဲ့ထိုးမိသလိုဖြစ်သွားတယ်... "ဟေ့ရောင်..အဲဒါဘာလုပ်နေတာလဲ..." အဲလိုပြောတော့ ကိုယ်ကဘဲ ထွက်ပြေးရတော့မလိုလိုဖြစ်သွားမိတယ်..ဖိုက်တာလားပေါ့... အင်း အဲဒါနဲ့ ကျွန်တော်က"အင်း ဘာမှမလုပ်ပါဘူး..ဖား လိုက်ရိုက်နေတာ" .. ကောင်မလေးက "ဖားရိုက်တာ ..ဟုတ်လား" "အင်းဟုတ်တယ်" "ဒါဆို ဘယ်နှစ်ကောင်ရပြီလဲ" ... အန်အဲတော့မှ ကျွန်တော်စဉ်းစားမိလိုက်တယ်.. ဟုတ်ပါရဲ့ ဖားတာလိုက်ရိုက်တာ တစ်ကောင်မှမရသေးဘူး... နေပါအုံး သူက ကြောက်စိတ်လည်းမရှိဘူး.. ဘလိုင်းကြီးပါလား.. ငါ့ဆီမှာများ ဖားရိုက်လို့ရရင်တောင် သူက အကုန်များယူသွားမလားဘဲ... ဟင်းဟင်း..တွေ့ကြတာပေါ့... အဲဒီမှာ ကျွန်တော်က "နေပါအုံး ..မင်းက ဘယ်ကလဲ.. ငါမင်းကိုမသိဘူး.. " အဲဒီတော့ သူမက "ခင်ဗျားက ကျွန်တော့ကို မသိဘူး... ကျွန်တော်က ဟိုနားက အိမ်မှာနေတာ ခင်များကို ကျွန်တော် တွေ့ဖူးသားဘဲ..ခင်ဗျား ဖားရိုက်တာ ဘယ်နှစ်ကောင်ရပြီလဲ...ကြည့်ချင်လို့" အော် ကောင်မလေးရာ.. ငါ့မှာမှ ဖားမှမရှိတာကွာ...ဖားက ငြိမ်ခံနေတဲ့အကောင်မှမဟုတ်တာ.. "ဟေ့ရောင် ..ငါ..ဖားတစ်ကောင်မှမရသေးဘူး.. မင်းရိုက်ပါလား..." "ဘာလို့ရိုက်ရမှာလဲ... သူများအသက်ကို ငရဲကြီးလိမ့်မယ်.." အဲ..သူကလာသား..ငယ်ငယ်ရွယ်ရွယ်နဲ့ ငရဲကြီးမှာကြောက်တယ်ပေါ့...ထားပါတော့... အဲဒီနေ့လေးပါဘဲ... ကျွန်တော်စကား ဖျက်လိုက်တယ်.. သူငယ်ချင်းတွေက ဟိုးအဝေးကိုရောက်နေပြီလေ... "တော်ပြီ..ဟေ့ရောင် ငါသွားတော့မယ်.. မင်းလည်းညမိုးချုပ်နေပြီ ပြန်တော့..." ဟုပြောပြီး အပြေးထွက်လာမိတယ်... ဒါပေမဲ့ အဲဒီမှာ တစ်ခုကျန်ခဲ့တယ်.. ကျွန်တော့ရဲ့ first life love ပေါ့...first life love ကလေးပေါ့...

နောက်တစ်နေ့

သူကိုရှာမိသေးတယ်... ဒါပေမဲ့ မတွေ့ခဲ့ဘူးလေ... သူငယ်ချင်းတွေကိုမေးကြည့်တယ်... နိုးနိုး... အိုးကောင်းလိုက်တဲ့စကားလေး... အားများရှိမလားလို့ သူငယ်ချင်းတွေကိုမေးတော့ နိုးနိုးတဲ့... ရပါတယ်.. ကိုယ့်အားကိုကိုးရတော့မှာပေါ့... အင်းလေ.. သူငယ်ချင်းအားလည်းကိုးရမှာဘဲ.. ဒါနဲ့ကျွန်တော်လည်း ရှာပုံတော်ဖွင့်ခဲ့မိတယ်..နေ့တစ်ဝက်လောက်ပါဘဲလေ... ဟော တွေ့ပြီ ဖိုက်တာလေး..အဲဟုတ်ပါဘူး.. နာမည်မသိတော့ ဘယ်လိုခေါ်ရမလဲအင်း... ဖူးဆုံနဲ့တော့ တူတယ်.. ဟုတ်ပြီ..သူဘယ်သွားမလဲ..ဘာလုပ်မလဲ... ငါသူ့နောက်ကိုလိုက်မယ်..အိုကေ... အဲဒီလိုစိတ်ကူးလေးနဲ့ကျွန်တော်စဉ်စားနေတုန်းမှာဘဲ ကျွန်တော်သတိတစ်ခုရလိုက်ပါတယ်.. ဟိုက်ခ်ျ သေပြီ.. ကောင်မလေးနောက်လိုက်မယ်တာပြောတယ်.. ငါ့ကိုငါပြန်ကြည့်တော့လဲ ဘောင်းဘီအကွဲနဲ့..အင်္ကျီကလည်း ညစ်ပတ်လို့... အင်း..ကောင်မလေး နောက်လိုက်လို့မဖြစ်ပါဘူး... ဒါဆိုရင် သူ့သူငယ်ချင်းတွေက ဘယ်သူလဲ...စာပေးမယ်ကွာ..ဟု စဉ်းစားရင်း စာလေးတစ်စောင်ရေးဖို့ စာအုပ်ကလေးချပြီး ဘောပင်လေးကိုင်တော့ အဲဒီမှာ စတာဘဲ...ကျွန်တော့်ရင်တွေ ခုလာတယ်.. ဘာကြောင့်လဲ..ဘယ်သိမလဲလို့မဖြေတော့ပါဘူး... သူ့ကိုချစ်တယ်..သူ့အနေအထိုင်လေးကို ချစ်တယ်...သူ့ကို ချစ်မိသွားတယ်... ကျွန်တော် နောက်တစ်နေ့မှာ သူ့ကိုစကားလိုက်ပြောတာ ဘာတွေဖြစ်လဲ သိလား.. ကျွန်တော်ရင်မှာ ဗလောင်ဆူနေတယ်... ကျွန်တော့်ရင်တွေခုန်တာ အဲသလောက်ထိခုန်တာ သေများသေသွားမလားတောင် ကိုယ့်ကိုကိုယ် ထင်မိတဲ့အထိပါ... အဲဒီအချိန်မှာ ပါးစပ်က ဘာမှကိုပြောမထွက် တော့ဘူးဗျာ.. လောကကြီးမှာ အဲသလောက်တောင်မှ အချစ်မှာစွမ်းအားရှိမှန်း မသိခဲ့ပါဘူး... ကိုယ့်ကိုကိုယ်တောင် ယိုင်လဲမသွားအောင် လမ်းလျှောက်နေရတဲ့အထဲ သူမကို စကားပြောဖို့ ယောက်ျားရဲ့ ခွန်အားတွေ ဘယ်ကနေဘယ်လို ပျောက်ကုန်တာလဲ... ကောင်မလေး ..မင်းဘဲ စုတ်ယူသွားလား... မင်း.. တရုတ်သိုင်းကားထဲကလို ကျင့်စင်တွေများကျင့်ထားလား... အင်း...စဉ်းစားရင်းနဲ့ သွားတာက ကျောင်းကို.. အခုတော့ လမ်းမှာတင်..အဲမဟုတ်ပေါင်..သူမရဲ့အနောက်ကနေ..သူမကိုတောင်မကျော်တက်နိုင်သေးတဲ့ဘ၀ ရောက်နေတုန်းပါဘဲ.. အိုမဖြစ်သေးဘူး...ရှိသမျှအားအင်တွေ..အမေငယ်ငယ်တုန်းက နွားနို့တိုက်ထားတဲ့ အားတွေ.. စုစမ်း..ပြန်စုစမ်း... ဖူး..ဆိုပြီး ၀မ်းဗိုက်ထဲက လေကလေးကို ညှင်သာစွာထုတ်ယူရင်း စိတ်တွေကို လျော့ချလိုက်မိတယ်.. အဲဒီမှာ စတော့တာဘဲ... အင်္ဂလိပ်လိုပြောရင်တော့ Love War ပေါ့နော်.. စပြီ.. "ဟိတ်..ဘယ်သွားမလို့လဲ..." သူမက "မင်းငါ့ကိုသိလို့လား" ...အန်.. "ဟ ..သိတာပေါ့ကွ.. မင်းအခု ကျောင်းသွားမှာလား... ငါ့..မင်းကို ပြောစရာရှိလို့... ပေးပေး ..မင်းထမင်းချိုင့် ငါကိုင်ပေးမယ်..."အဲဒီတော့ သူက "ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘာမှမ မဆိုင်တာ..ကျွန်တော့ဟာ ကျွန်တော်ကိုင်ပါ့မယ်..သူများတွေ မြင်သွားရင်မကောင်းဘူး.." "ရပါတယ် ပေးပါ... ငါကိုင်ပေးပါ့မယ်..." ဟု ကျွန်တော်ပြောရင်း စိတ်ထဲမှာတော့ အင်း...အသက်တွေလည်း အောင့်ပြီးပြောရတာ... လမ်းမှာတင် ဘုန်းဘုန်းလဲပြီး ပြစ်များလဲတော့မလားမသိ... ရင်ထဲမှာလဲ တရုတ်တိုက်ပွဲလား..အမေကြမ်းလမ်းမသိဘူး..တစ်ခုခုတော့ဝင်ပြီး လှုပ်ရမ်းနေပြီ.. မင်းဘဲဖြစ်မှာပါ.. အဲဒီအချိန်မှာ သူ့ချိုင်လေးကို ကိုင်ဖြစ်ခဲ့တယ်.... ဒါနဲ့ သူ့နာမည်လေးမေးတော့ ..သူကဖြေတယ်လေ... ဒါနဲ့ ကျွန်တော်တို့တွေ သိသွားခဲ့တယ်.. ကျွန်တော့်အချစ် ကိုစခဲ့တာ ဖားကလေးပါ...အဲဟုတ်ပေါင်.. မင်းကလေးပါ....ဒီလိုနဲ့ ...ကျွန်တော့်ရင်ထဲက တိုက်ပွဲကိုနားလည်သဘောပေါက်ခဲ့တဲ့ ကျွန်တော်ဟာ သူ့ရှေ့မှာတင် သူ့ကိုချစ်ပါတယ်လို့ ပြောဖို့အတွက် ကိုယ့်ကိုကိုယ် နားလည်သဘောပေါက် ခဲ့ပါတယ်.. ဒါနဲ့ ကျွန်တော်လည်းဘယ်ရမလဲ စာတစ်စောင်ပေတစ်ရွက်နဲ့ အားခဲတော့တာပေါ့.. အဲဒီအချိန်မှာ နာဂစ်ဝင်လာတော့တာဘဲလေ... အခုတော့ သူ့ကို နာဂစ်အတွက် တောင်းပန်းရင်း ချစ်သူမျက်နာလေး မညှိုးနွမ်းအောင် သွေးမြေကျ အနွံတာခံချစ်သွား ပါ့မယ်လို့ကတိပြုလျှက်....ကျွန်တော်..
နောက်နောင်...
အချစ်ဦးချစ်နဲ့..နောက်ဆုံးအချစ်ကို
အချစ်ဆုံးအတွက်..တောင်းပန်ရင်း...
ဘယ်တော့မဆို..ဘယ်အချိန်မဆို..
ချစ်သူ့မျက်နာ မညှိုးနွမ်းလေသောအချစ်နဲ့..
နောင်တများဝေးကွာ.သွေးမြေကျလျှက်
ချစ်သွားပါ့မယ်လို့...သက်ဆုံးတိုင်...ကတိပေးတဲ့..ကျွန်တော်...

အိပ်နေသောနှလုံးသား

တကယ်ဆိုရင်..ဘ၀မှာ..
ကိုယ့်ကိုကိုယ်..မသေချာမရေရာဘဲ..
ဆုံးဖြတ်လိုက်တဲ့ စိတ်ကလေးတစ်ခုဟာ..
တစ်ဖက်လူမှာ..ဘယ်လောက်ထိခံစားရလဲဆိုတာ..
မင်းလေးသိဖို့ကောင်းပါတယ်..
ကိုယ့်ရဲ့..အိပ်နေတဲ့နှလုံးသားကို
လှုတ်ခတ်ပြီးတော့မှ..
သူက.....
သူရဲ့နှလုံးသားကို အိပ်ပြတယ်ဆိုရင်..
တစ်ဖက်လူဘယ်လိုခံစားရမလဲ....
ဒါပေမဲ့...တစ်ခုတော့ပြောပါရစေ...
ကိုယ့်ရဲ့ရင်မှာတော့...
ဒဏ်ရာလေးတစ်ခု.. ကျန်ခဲ့တယ်ဆိုတာကို..
မင်းလေးမှတ်ယူထားပေးပါ...

svchost.exe Virus ကိုနှိမ်နင်းနည်း

svchost.exe ဗိုင်းရပ်စ် သောင်းကျန်းနေပါတယ်... svchost.exe. ဗိုင်ရပ်စ်ကို open source anitvirus တစ်ခုဖြစ်တဲ့ clamwin နဲ့နှိမ်နှင်းလို့ရတယ်လို့ ပြောသွားပါတယ်... အောက်မှာ ပေးထားတဲ့ link နဲ့ download လုပ်နိုင်ပါတယ်။
http://downloads.sourceforge.net/clamwin

သီချင်းထဲက ကဗျာ

တကယ်ဆို မေ့ပြစ်လိုက်... နာကျင်ခြင်းတွေ မေ့ထားလိုက်...
မျှော်လင့်ဆုံးကလေးရေ..
ဒီလိုတို့တွေ ဆုံတွေ့ခိုက်..
ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘ၀လေးထဲ မင်းနေပါ...
တူတူနီးစပ်ဖို့တော့..တိုရဲ့ဘ၀က ဟိုးအဝေးမှာ....
အပြာရောင်မိုးကောင်းကင်..
ကြယ်စင်လေးတွေကြွေသွားတိုင်း...
မပျော်နိုင်ဘူးကလေးရေ..မငိုနဲ့မျက်ရည်တွေသုတ်လိုက်...
ဘယ်လိုဝေးသွားလဲဘဲ ဆုံးသတ်တဲ့ထိ ချစ်နေမှာ....
ရွှေရောင်တောက်ပလွန်းတဲ့... မင်းဘ၀လေးရယ်..
ဟိုးအဝေးမှာ...
အရင်ကဇတ်လမ်းလေး.. မေ့လိုက်ပါ...
အရင်ကဇတ်လမ်းလေး...
ဟိုတုန်းကနမ်းခဲ့ဖူးတဲ့အနမ်းလေးက..အခုတော့..
တိမ်များလို လေထဲလွင့်ပါသွား ..လေထဲလွင့်ပါသွား.....

ကွက်လပ်

နှလုံးသားမှာ ဒဏ်ရာတစ်ခုနဲ့ ..
မင်းကုစားမှ သက်သာမှာပါ...
အချစ်မှာ ကွက်လပ်တစ်ခုနဲ့...
မင်းဖြည့်ပေးမှာ ပြည့်မှာပါ....
စားကြွင်းမှာ သုံည နဲ့...
မင်းစားကိန်းတပ်ပေးမှ.. ၂ ဖြစ်မှာပါ..
နေ့သစ်တိုင်းမှာ မှောင်နေရင်..
အလင်းရောင်လာပေးမှာက..မင်းလေးပါ..
လိုတာလေးတိုင်းကို...စွမ်းအားအပြည့်နဲ့...
ရပ်တည်နိုင်မှာ .... မင်းလေးတစ်ယောက်တည်းပါ..

အသင့်

အရောင်တွေမှေးမှိန်နေတဲ့... ကောင်ကင်ကြီးအောက်မှာ...
အချစ်မရှိတော့တဲ့... ငါ့ဘ၀ကို..ဘယ်သူက..ရေလောင်းပေးမလဲ..
ချစ်ခဲ့တာတွေ...ကျင်နာခဲ့တာတွေကို..ပြန်ပြောရင်တောင်...
မှေးမှိန်နေတဲ့..ကောင်းကင်ကြီးက မျက်ရည်ကျအုံးမယ်...
ငါ့ဘ၀ရဲ့နေ့သစ်ကိုရောက်ဖို့..အာရုဏ်ဦး နေအလင်းရောင်ကို..
ဘယ်တော့မှ ငါတွေ့ရပါအုံးမလဲ....
လမ်းပျောက်နေသူတစ်ယောက်အတွက်..မင်းလေးဟာ..ငါ့ရဲ့ မိုနာလီဇာလေးပါ...
ဘယ်တော့မှ ပြန်ရောက်တော့တဲ့ ကမ္ဘာဦးအစကို..တို့နှစ်ယောက် လျှောက်လှမ်းဖို့ အသင့်ပါ..
ကိုယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ... ဆူးခင်းလမ်းပေါ်ကိုမလျှောက်ရဘဲ...ဖယောင်းလမ်းကိုလျှောက်ဖို့..
ကိုယ်ဘက်က (အသင့်)ဆိုတဲ့ စာလုံးလေးနဲ့ ချစ်သူထံ ပါးလိုက်တယ်...
_အသင့်_ ပါဘဲ ချစ်သူရယ်...

ကောင်းပါတယ်

ကောင်းပါတယ်
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

အထီးအမခွဲခြားနည်း

အထီးအမခွဲခြားနည်း
"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။""အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

အဲဒါလည်းကောင်းပါတယ်--- သတင်း ၃ ခု

အဲ့ဒါလဲကောင်းပါတယ်
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။ ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။
သတင်း၃ခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။ "ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့  အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊ ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်…. အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

အပါအ၀င် 23 ယောက်မြောက်တခါက

အပါအ၀င်၂၃ ယောက်မြောက်တခါက
အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့

မရှိရင်ပိုကောင်း

မရှိရင်ပိုကောင်း
သေးမိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊ မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ မလိုဘူးကွ´

သူဌေးနှင့်နွား

သူဌေးနှင့်နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။``ငါသိပါတယ်ကွာ´´သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား

မှီနိုင်သေးတယ်

မှီနိင်သေးတယ်
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

လက်တည့်လာလို့ပါ

လက်တည့်လာလို့ပါ
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

ညီမျှသလိုပဲ

ညီမျှသလိုပဲ
အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့ကမင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။ ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...
မထူးပါဘူး
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...`ဘာဖြစ်လို့လဲကွ``အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

နောင်တ

နောင်တ
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။ ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ .. ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

ကြိုက်နေလို့ပါ

ကြိုက်နေလို့ပါ
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။ "ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။ "သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။ 'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း " "တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"

လက်ထပ်လျှင်

လက်ထပ်လျင်
အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။
သဘောကောင်းတဲ့သူဖြစ်ရမယ်။
ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား ?

ခိုင်းနည်းသစ်

ခိုင်းနည်းသစ်
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက...... `ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

နှစ်ဦးသဘောတူ

နှစ်ဦးသဘောတူ
မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်.... အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....

အစ်ကို


သား

တစ်ခါတလောတော့ စာအုပ်လေးကို သနားမိတယ်...
ကိုယ် လွမ်းတဲ့အခါ စိတ်ဖြေဘို့အတွက် အလွမ်းတွေကို စာအုပ်ထဲမှာထည့်သိမ်းတဲ့အခါ...
စာအုပ်လေးမှာ လွမ်းစရာတွေ ပုံသွားခဲ့တယ်...
ချစ်သူရယ်.. ကိုယ်လွမ်းခဲ့..သတိရခဲ့တာတွေက ပြောမပြတက်အောင်ပါဘဲ....
အရာဝတ္တုကို အသက်သွင်းလို့ရခဲ့ရင် ..
ကိုယ်ရဲ့စာအုပ်လေးကို အသက်သွင်းပြီးချစ်သူကို ပြောပြချင်ရဲ့..............

ရည်ရွယ်သူသို့

မင်းရဲ့မျက်ဝန်းလေးက ပျားရည်စက်လိုချိုမြိန်တယ်..
မင်းရဲ့အကြည့်တစ်ချက်က အရည်များပျော်ကျသွားမလား..
တစ်ခါတစ်လေစိတ်ဆိုးတဲ့အခါ...နူးညံ့စွာ ချော့မိမှာ အမှန်ပါ..
ပိုင်ဆိုင်ချင်ခဲ့တာဟိုတစ်ချိန်ကတည်းကပါ...
ကိုယ့်အမှားများကို ပြင်ဆင်ဖို့ နားလည်စွာနဲ့ ..လက်ခံမိတဲ့..
ကောင်မလေးရဲ့အချစ်က ဘယ်သောအခါမှ ကိုယ့်ရင်ထဲမှာ.ပျောက်ဆုံးမသွားတော့ပါဘူး..
ကိုယ့်ကို နားလည်ပေးတဲ့ ကောင်မလေးကို ..မြတ်မြတ်နိုးနိုး သက်ဆုံးတိုင်..ချစ်သွားမယ်ဆိုတာ..
ယုံလိုက်ပါချစ်သူရာ...
တို့နှစ်ယောက်ရဲ့ဘ၀လမ်းကို တို့လျှောက်လှမ်းဖို့... ဆူးခမ်းလမ်းများဖယ်ရှားပေးပါ..
နေ့သစ်များမှာ ပျော်ရွှင်ဖို့အတွက်...ချိုသာသော အနမ်းလေးများ ပေးလှည့်ပါ...
ခါးသက်တဲ့ အစိမ်းရောင်ရက်များမှာ..နားလည်စွာနဲ့ ကျေနပ်ကြေး...
နှစ်ယောက်သဘောတူစွာနဲ့....ရှင်းပြခွင့်တွေကို နားထောင်ပေးပါ..
ဘယ်တော့မှ စိတ်ခုအောင် မလုပ်ပါဘူး...
ပျော်ရွှင်အောင်ထားပါမယ်...နားလည်တက်တဲ့အကြည့်နဲ့ နားလည်ပေးလှည့်ပါ...
ခွင့်လွှတ်နိုင်မှုများနဲ့ ..ဘ၀မှာအပျော်ရွှင်ဆုံး....လက်တွဲမယ့်..ကိုယ်ရယ်ပါ..

စမ်းရေ

ခါးသက်တဲ့အစိမ်းရောင်လမ်းမှာ..နင်းလျှောက်ပါလေ..
ကြည်လင်တဲ့...စမ်းရေကိုမှ သောက်သုံးသောသူ..
မင်းရဲ့အကြင်နာတစ်ချက်...ရရှိခွင့်ပေးပါ..
လရောင်အောက်မှာ..တစ်ရောက်တည်းပျော်နေရတဲ့ဘ၀ကို..မမြင်ရက်ပါ...
ငွေလကိုသာ..ထီးဆောင်းပြီး..
နှစ်ဦးသား..ထီးကလေးအောက်ကနေပါရစေ..
ကြည်လင်တဲ့စမ်းရေသာ....ဖြတ်စီးပါ...
နောက်ကျိတဲ့..မြစ်ချောင်းဆုံမှာ မဆုံစည်းပါရစေနဲ့..
အေးစက်တဲ့ ရေခဲတောင်မှာ ကြင်သူနှစ်ဦး နေပါရစေ..
အေးစက်တဲ့ အချစ်ဘ၀တော့ မဖြစ်ပါရစေနဲ့....
အကြင်နာနဲ့ မင်းပါးလေး နမ်းရှိုတ်ခွင့်ပေးပါရစေ...
နမ်းရှိုတ်ခွင့်လေးအား မမုန်းလိုက်ပါနဲ့..အချစ်ရယ်...

အမုန်းဒဏ်မှ လွတ်မြောက်ပါစေ



အချစ်က အရာရာကို စေခိုင်းနိုင်သော..
မာယာဝင်္ကပါလား..
နှလုံးသား ၀င်္ကပါထဲက ရုန်းထွက်နိုင်ပါ့မလား..
သူ စေညွှန်ရာစေ..
သံယောဇဉ်ကြိုး..ရစ်ပတ်တိုးလို့....
နှောင်ဖွဲ့မှုအောက်က...လွတ်မြောက်ခွင့်လေးတော့
ပေးသနားပါ...ချစ်သူရာ...
နှလုံးသားတစ်ဖက်ကမ်းမှာ ပုံးလို့နေတဲ့မိန်းကလေး..
တစ်ဖက်ကမ်းက စောင့်မျှော်ရသူကို ကြင်နာသနားမိပါရဲ့လား..
အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀မှာ..
အမုန်းဒဏ်များ လွတ်မြောက်ရသူ ဖြစ်ပါစေ...
သူသာ ကြင်နာနိုင်မယ်ဆိုရင်...
ချစ်သူရယ်...

စေညွှန်ရာစေ



သူ့ကိုချစ်ပါတယ်....

မမုန်းပါဘူး...

သူ့အတွက်ဆိုရင်..

စေညွှန်ရာစေ...

နောင်တတွေက ဟိုးအဝေးကြီးမှာ.....

မခွဲတမ်းချစ်တယ်


မိုင်တွေ ကွာဝေးနေပါစေ ဘယ်တော့မှ မဆွေးဘူး
မင်းကိုချစ်တဲ့သွေး
ခပ်နွေးနွေး ခနတိုင်း စီးနေတယ် . . .
လှည့်ပြေးနေတဲ့ အတွေးတွေရဲ့
ပျော်မွေ့တဲ့ နားခိုရာဟာလဲ
အမြဲတမ်း မင်းအကြောင်းတွေသာ ဖြစ်တယ် . . .
အသက်ရှိနေသ၍ပေါ့
မမေ့မလျော့တဲ့စိတ်နဲ့
ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာမင်းရှိမယ် . . .
အစွဲအလန်းကြီးတဲ့ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ရာ အချိန်ဆိုတာ
အသုံးမ၀င်ပါဘူး ငါ့ရင်ဘတ်ထဲက မင်းအတွက်
တစ်စုံတစ်ရာ ခိုင်မာ သေချာ နေတုန်းပဲ . . .
အမုန်းဝင်္ကပါ တစ်ခုမှန်း သိတဲ့နောက်
ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး
မင်းပေးမယ့် အမုန်းဆူး
နှလုံးသားကို စူးပါစေတော့ . . .
မခွဲတမ်း ချစ်ခွင့် မရှိပေမယ့်
အမြဲတမ်းတော့ မင်းကိုချစ်တယ် . . .

ချစ်သူများ၏ ဘ၀တစ်လျှောက် တားဆီးအမိန့်များ

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

အသည်းကွဲသူဖြစ်ပါစေ


အချစ်သည် ပူခြင်းမရှိ..အေးခြင်းမရှိ၊ စပ်ခြင်းမရှိ...ခါးခြင်းမရှိ
နွေးထွေး၏..တုန်ခါမှုရှိ၏...
လောကသည်..မုန်းတီးမှုများအောက်တွင်နေထိုင်ရသည့်အချိန့်တွင်...တစ်ခုသော ပျော်ရွှင်မှု ထွက်ရပ်ပေါက်လေးက... တစ်ခုတည်းပါ...
သူက... မီးတောင်လိုလည်း ပူပြီး ပေါက်ကွဲမှုအသွင်ရှိ........
ရေခဲတောင်လိုလည်း တည်ငြိမ်အေးချမ်း နိုင်သော အရာဖြစ်..
အချစ်မရှိသူကား...အိုအေစစ်မှာ လမ်းလျှောက်သူရဲ့ဘ၀ပါ....
ထို့ကြောင့်ထို့ကြောင့်
ကိုယ်ရဲ့ဘ၀မှာ ..နှလုံးသားကို သေနတ်အပြစ်ခံရပြီး..အသည်းကွဲသူတစ်ယောက်ဖြစ်ပါစေ လို့ဆုတောင်းမိပါတယ်....

အရူးလုပ်သူ


အချစ်ကို အရူးလုပ်

အသည်းကို မီးဖုတ်

နင်ဟာတကယ်တော့

:( ချီးထုပ် :)

ရင်ခွင်ထဲက သက်ဆိုင်ရာ


ရှုပကာက အမှုအရာ
အလွန်လှတာ မင်းမျက်နှာ
စာသင်ခန်းမှာ ထိုင်ငေး
ဆရာမ ပြောတာ ငါမတွေး
မျက်တောင် မခေတ်
အတွေး စိတ်ယှက်စေ့စေ့ကြည့်တော့
ရင်ခွင်ထဲက သက်ဆိုင်ရာ လှုပ်ရှားလာပါလား.....

ရွက်သစ်



သစ်ရွက်တွေ လေပြေ နဲ့ကြွေမြေပေါ် ပြုတ်ကျ
မိုးအထက်မှမြေပေါ်သို့ခ
အစိမ်း ရောင်လွင့် အ၀ါရင့်အချစ်
သွေးသားငါ့နှလုံး သားအား ကူးလူး ယှက်သွား
မင်းအချစ်တွေ တက်မက် ဖိတ်စဉ်
မင်းရဲ့အနား တစ်ကောက်ကောက်
ခြေလှမ်းများ ငါ့အချစ်အတွက်
တန်ပြန်မှုက မထွက်
ဘယ်သော အခါ သေမှသာ …..
အချစ်နဲ့ သစ်ရွက်ထာဝရ
တည်မြဲ အိမ်မက်ထဲရွက်သစ် တွေနဲ့
ဝေဆာခဲ့အချစ်တွေ ရင်မှာ
တစ်သက် ဒဏ်ရာနုသစ် ဆဲပါ ………

မျှော်လင့်ချက် ဘ၀ ပန်းတိုင်



လူသား တစ်ယောက် အတွက် မရှိ မဖြစ်တဲ့ အရာတစ်ခုပါ။ လူ့လောက သက်တမ်းရဲ့ အချိန်အတော်များများ ကို လွမ်းမိုး ချုပ်ကိုင်ထားတယ်။ ဟိုးငယ်စဉ် ကလေးဘ၀၊ လူလတ်ပိုင်း၊ လူကြီးပိုင်း အိုမင်း ရင့်ရော်တဲ့အချိန်၊ သေဆုံးတော့မယ့် အချိန်၊ အဲဒီအချိန် အထိတောင် “မျှော်လင့်ချက်” ဆိုတဲ့စကားလုံး ဟာ လိုက်လံ စိုးမိုး နေမှာပါ။ ငယ်စဉ်ကလေး ဘ၀ကလည်း မိခင်၊ ဖခင်၊ အစ်ကို၊ အစ်မ တွေရဲ့ ချစ်ခင်ယုယ မှုတွေကို မျှော်ကိုးမိမယ်၊ အားကိုးမိမှာပါဘဲ။ အထူးသဖြင့် ကလေးဘ၀ဟာ လူလား မမြောက်ခင် အချိန်ထိ မိခင်၊ ဖခင်တွေရဲ့ ကြည့်ရှုစောင့် ရှောက်ခြင်းကို ခံယူခြင်မှာပါဘဲ။ သူ့အတွက် ဒါဟာ ဘာကိုမှ မသိနားမလည် နိုင်တဲ့အချိန် မှာတောင် ကြိုးစားရှာဖွေရတဲ့ဘ၀မှာ ပျော်ရွှင်မှုတွေအပြည့်နဲ့ ပီတိဘ၀ကို ရယူကလေးဘ၀ဟာ အပြည့်ကင်းစင်တဲ့ ကလေးဘ၀မဟုတောင်မှ လူငယ်ရဲ့ “ဘ၀” ကိုပိုင်ဆိုင်ထားပါတယ်....

ကဗျာဆန်သော မိန်းကလေးများ-၎




ကဗျာဆန်သော မိန်းကလေးများ-3
















ကဗျာဆန်သော မိန်းကလေးများ-2
















ကဗျာဆန်သော မိန်းကလေးများ


































































ရုပ်ပုံ
















the home in 2020



NOTHING TO LOOSE In 2020... Cleaning will not depend on dirt anymore Cleaning will not be : getting rit of the past anymore Cleaning will depend on what is happening in your live. Cleaning in 2020 will mean : planning ahead, clearing your mind and digging for new inspiration. Planning for the future; are you giving a party soon? Or do you have a lot of work to do in the near future? Or are you starting a new project immediately? Clear your mind, dig for more inspiration. Focus on 1 flexible surface. Inside our home there will be a flat surface divided into a scheme that provides all daily activities. Every time we reorganize and resize our surface area’s we’ll discover more about ourselves. It’s a learning process in which we confront ourselves with what daily activities are more important and which are less. For example, do you want to increase your dinner area, your working space at home, or maybe your relaxing area. Maybe even every area gets the same size. Cleaning will trigger this process every time. Anno 2005 we demand more and more from our home. Anno 2020 our home will demand more and more from us. On the surface there will be projections.The surface will, for example display a chessgame, a playground, a maze, a reallife game or a 360degrees projection, to play or to watch with our friends. Project your memo’s, project your micro-wave display or project other information you need on the surface.In 2020 projections will become more interactive or functional then we’d ever thought.They will take over tv-screens computer screens and displays of household appliances. It only needs time to develop. VJ’s and Web designers these days, will become the projection designers in 2020.

ချီလီရေခဲတောင် အရည်ပျော်နေပြီ


ချီလီနိုင်ငံ၏ ရေခဲတောင်များ အရည်ပျော်နေပြီ ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက် များကြောင့် ဖြစ်ကာ အလားတူပင် တောင်အမေရိကတိုက် တောင်ဘက်စွန်းပိုင်း ဒေသများတွင် သောက်သုံးရေ ရရှိမှု အတွက်လည်း ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် လာနေပြီ ဖြစ်သည်။
နိုဝင်ဘာလတွင် ရရှိသည့် အစီရင်ခံ စာအရ ချီလီနိုင်ငံ၏ သောက်သုံးရေ အသုံးပြုမှုမှာ Echaurrer အမည်ရ နိုင်ငံ၏ ရ၀ ရာနှုန်းသော ရေလိုအပ်ချက်ကို ထောက်ပံ့နေသည့် ရေခဲလွှာကြီးမှာ တစ်နှစ်လျှင် ၂ မီတာနှုန်းနှင့် ပျော်ကျ နေကြောင်းသိရသည်။
၁၉၈၆ ခုနှစ်မှာ ၂၀၀၈ ခုနှစ်အတွင်း သုတေသနပြုသူများ၏ စာရင်းများအရ ရေခဲတောင်ပေါင်း ၂၀ မှာ အရည်ပျော်ကျနေကြောင်း ယင်းမှာ အန္တာတိကတိုက်နှင့် ဂရင်းလန်းဒေသ ပြီးနောက် အကြီးဆုံးသော ရေခဲတောင်များ ဖြစ်ကြောင်းသိရသည်။ ချီလီနိုင်ငံ တောင်တန်းဒေသများရှိ ရေခဲတောင်များမှာ တောင်အမေရကတိုက် တစ်တိုက်လုံး ၏ ၁၂၄၀၀ သော စကွဲယားမိုင် ပတ်လည်ရှိ ဒေသများ၏ ၇၆ ရာနှုန်းသော ရေခဲတောင်များ ဖြစ်ကာ ကာလင်းဒေသနေ ပြည်သူများ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေး အတွက် အဓိက အထောက်အပံ့ ပေးနေသည့် ရေအရင်းအမြစ်များ ပင်ဖြစ်သည်။
ယခု ရေခဲတောင်များမှာ ဒေသအတွင်းနေ ပြည်သူများအား နှစ်ပေါင်း ရာပေါင်းများစွာ ဆက်လက်၍ အထောက်အပံ့ ပြုနေရဦးမည်ဖြစ်ကြောင်း မြို့ပြများနှင့် စိုက်ပျိုးသီးနှံများမှာ ယင်းတို့ကို မှီခိုနေရခြင်းကြောင့် အထူးဂရုပြုပြီး စောင့်ကြည့် လေ့လာရမည်ဖြစ်ကြောင်း လေ့လာမှုများမှ သတိပေးထားခဲ့သည်ဟု သိရသည်။

GOSAT ဂြိုလ်တုလွှတ်တင်



ဂျပန် အာကာသ အေဂျင်စီမှာ ကမ္ဘာကြီး ပူနွေးလာမှု့ကို စောင့်ကြည့် လေ့လာရေးတွင် ပိုမိုနီးကပ်စွာ လေ့လာနိုင်ရေးအတွက် သိပ္ပံ ပညာရှင်များအား အထောက်အမှု ဖြစ်နိုင်စေမည့် လှုပ်ရှားမှု တစ်ရပ်အဖြစ် ဂြိုလ်တု တစ်စင်းအား လွှတ်တင် လိုက်ကြောင်း သိရသည်။ အဆိုပါ ဂြိုလ်တုအား GOSAT (Greenhouse Gases Observing Satellite) ဟု အမည် ပေးထားပြီး ကမ္ဘာကြီး၏ မျက်နှာပြင် ပေါ်မှ ကာဘွန်ဒိုင် အောက်ဆိုဒ်နှင့် မိသိန်း ဓါတ်ငွေ့ ထုတ်လွတ်မှု တို့ကို အသေးစိတ် တိုင်းတာ စောင့်ကြည့် နိုင်တော့မည် ဖြစ်ကြောင်း သိရ။

အမေရိကန်၊ အလာစကာ မီးတောင်

အမေရိကန် ပြည်ထောင်စု အလာစကာ ပြည်နယ် ရှိ Mount Redoubt မီးတောင်မှာ ရက် အနည်းငယ် အတွင်း ပေါက်ကွဲတော့မည် ဖြစ်ကြောင်း အမေရိကန် သိပ္ပံပညာရှင် များ၏ ဘူမိဗေဒ တိုင်းထွာမှုများ အရသိရှိ ရသည်။
၎င်းတို့၏ ပြောကြားချက်အရ မီးတောင်၏ အတွင်းပိုင်း အောက်ခြေရှိ ချော်ရည်ပှုများမှာ မျက်နှာပြင် ထက်ဆီသို့ တက်လာပြီး ငလျှင်လှုပ်ခြင်း နှင့် အခြားသော တုန်ခါမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နှင့် Anchorage ဒေသ၏ အနောက် တောင်ဘက် ၁၀၆ မိုင်အကွာတွင် ငလျှင်ဆိုင်ရာ လှုပ်ရှားမှု့ များကိုမကြာသေးမီကမှ တွေ့ရှိခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
တကယ်လို့ ခင်ဗျားအနေနဲ့ မီးတောင် မျက်နှာပြင် အထိ ချော်ရည်ပူတွေ တက်လာတာ ရင်မီးတောင်ဝမှာ ပိတ်နေတဲ့ ကျောက်တုံး ကျောက်ခဲတွေ ကိုခွဲပစ်ရမှာလေ အဲဒါကြောင့် ငလျှင် ဖြစ်လာတာပါလို့ မီးတောင် လေ့လာရေး ပညာရှင် Charles Mandeville ကပြောပါတယ်။ အခုတွေ့ ကြုံရတဲ့ အခြေအနေအရ အဲဒီလို ငလျှင်လှုပ်တာ ဆက်တိုက်ကြီးလို ဖြစ်လာပြီဆိုရင်တော့ မီးတောင်ပေါက် ကွဲတော့မယ် ဆိုတာကို အလိုလို သိနိုင်ပါတယ် လို့လည်း ထပ်လောင်း ပြောကြား သွားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အလာစကာ ဒေသဟာ မီးတောင် ပေါများတဲ့ ဒေသဖြစ်ပြီး လှုပ်ရှားနေတဲ့ မီးတောင်ပေါင်း ၄၀ အထိရှိပြီးအများ စု ဟာပစိဖိတ် သမုဒ္ဒရာ ထဲက Aleutian ကျွန်းစုတွေ မှာရှိနေတာပါ။ အခု Mount Redoubt မီတောင် ကတော့ အဲဒီအထဲမှာ ပါဝင်ပြီး လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က လည်း ၎င်းနဲ့ ကပ်ရက် Mount Augustine မီးတောင် ပေါက်ကွဲ ခဲ့သေးကြောင်း သိရသည်။

ဂရင်းလန်းဒေသရေခဲတောင်များ ကွဲအက်

အာတိတ် ဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဂရင်းလန်း မြောက်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်များ သက်ရောက်လာပြီ ဖြစ်ကြောင်း ဂြိုလ်တု ဓါတ်ပုံ အသစ်များအရ သိရကာ ကြီးမားသော ရေခဲတောင် ကွဲမှု ဖြစ်ပွားပြီး (၁၁) စကွဲယား မိုင် ရှည်လျားသည့် ရေခဲတုံးကြီးမှာလည်း ၎င်း၏ ပင်မ ရေခဲတောင်မှ ကွဲထွက်သွားပြီ ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များမှ ပြောကြားလိုက်သည်။
တက္ကသိုလ် ပါမောက္ခ တစ်ဦးမှ ပြောရာ၌ Petermann ရေခဲတောင် အမည်ရ မြောက်ကမ္ဘာခြမ်းရှိ အကြီးဆုံးသော ရေပေါ် ရေခဲတောင်ကြီးတွင် ကွဲအက်ရာ တွေ့ရှိရကြောင်းနှင့် ယခုနှစ်အတွင်း အဓိက ပျက်စီးမှု တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ယခု အခြေအနေထက် ပိုဆိုးလားပါက အခြားသော ဂရင်းလန်း ဒေသ မြောက်ပိုင်းရှိ အဓိက ရေခဲတောင်များမှာ အရည်ပျော်မှု ဖြစ်စဉ် ပိုမို မြန်ဆန်လာနိုင်ကြောင်း ယင်းမှ တဆင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာမှုကို ပိုမို ဖိအားပေး တော့မည် ဖြစ်သည်။ အလားတူပင် တောင်ပိုင်းရှိ ရေခဲများမှာလည်း ပိုမို အရည်ပျော်စေတော့မည် ဖြစ်သည်။
အထက်ပါ ကွဲအက်မှုမှာ (၇) မိုင် ရှည်လျားကာ မိုင်ဝက်ခန့် ကျယ်ပြန့်ကြောင်း သိရပြီး ၅၀၀ စကွဲယား မိုင်ရှိသည့် ရေခဲတောင်ကြီး၏ ထက်ဝက် အကျယ်ခန့် ရှိသည်။ အခြားသော အသေးစား ကွဲထွက်မှုများကိုလည်း ဓါတ်ပုံမှ တဆင့် တွေ့မြင့်ခဲ့ရကြောင်း သိရသည်။ ရေခဲတောင် သုတေသန ပညာရှင် Jason Box မှ ပြောရာ၌ ယခု ရေခဲ ကွဲထွက်မှုမှာ ဇူလိုင် ၁၀ ရက်နှင့် ၂၄ ရက်ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မက်ဟန်တန်မြို့၏ ထက်ဝက်ခန့် ပမာဏရှိကြောင်း ပြောခဲ့သည်။ ယခု Petermann ရေခဲတုံးကြီးမှာ လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှ စတင်၍ မူလ ရေခဲတောင်ကြီးမှ ကွဲထွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ။

Welcome to the year 3000 and a brave new world


အိုဘားမား၏ စီးပွားရေး

ဇန်န၀ါရီ ၂၊ ၂၀၀၉ - မြန်မာ့အိမ်နီးခြင်း ထိုင်းနိုင်ငံက လက်ရှိငွေကြေးအကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ဒေါ်လာ သန်း ၂,၀၀၀ ချေးယူမယ့်အကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီး Korn Chatikavanij က စနေနေ့မှာပဲ ကြေညာလိုက်ပါတယ်။
မြန်မာ့အိမ်နီးခြင်း တရုတ်နိုင်ငံဝန်ကြီးချုပ် ၀န်ကျားပေါင်ဟာ ဂျာမန်ဝန်ကြီးချုပ် AngelaMarkel နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံစလုံး ကို ထိခိုက်နေရတဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို မြှင့်တင်ရေး အတူတကွလုပ်ဆောင်ကြမယ်လို့ အပြန်အလှန် ကတိပေးခဲ့ ကြပါတယ်။
ရုရှားနိုင်ငံသုံး ရူဘယ်လ်ငွေ ဈေးကျနေတာကို တားဆီးဖို့နဲ့ ဈေးကွက်တောင်းဆိုမှု ပြန်မြင့်တက်လာဖို့အတွက် ရုရှား တာဝန်ရှိသူတွေဟာ နိုင်ငံခြားအရန်ငွေထဲက ဒေါ်လာသန်းပေါင်းများစွာသုံးစွဲပြီး ရူဘယ်လ်ငွေကို ပြန်ဝယ်နေကြပါတယ်။
လက်ရှိ စီးပွားရေးအကျပ်အတည်းကို ကျော်လွန်ဖို့ အထောက်အကူဖြစ်စေပြီး အာရှတိုက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နောက်ထပ် ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကူညီထောက်ပံ့မယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Taro Aso က ကမ္ဘာ့နိုင်ငံ အသီးသီးကခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား တက်ရောက်တဲ့ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ၂၀၀၈ ခုနှစ်ကုန်က လေးရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တဲ့အကြောင်း အစီရင်ခံစာအသစ်တခုက ပြနေတာကိုထောက်ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့အမေရိကန်သမ္မတ ဘရက် အိုဘားမားက မကြာသေးခင်ကပဲ ပြောခဲ့ ပါတယ်။ နိုင်ငံရဲ့ပြိုလဲနေတဲ့ ဘဏ္ဍာ ငွေကြေးကဏ္ဍကို ပြန်ထူမတ်ဖို့ သူ့ရဲ့အစိုးရဟာ ချဉ်းကပ်နည်းအသစ်တခု ကို အသုံးပြု လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါသေးတယ်။

သြစတြေးလျနိုင်ငံ၌ တောမီးလောင်


သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေတဲ့ မီးတွေထဲမှာ ရှို့မီးလို့ ယူဆရတဲ့ တချို့နေရာတွေက မီးတွေကြောင့် သက်သေအထောက်အထားတွေ စုဆောင်းရယူနေတာမို့ မီးလောင်ကျွမ်းတဲ့ တချို့နေရာတွေကို ရဲက မှုခင်းဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ လူတွေ သေဆုံးရမှုတွေဟာ လူအများအပြားကို သတ်ဖြတ်မှုဆိုတဲ့ စကားလုံးကလွဲရင် သုံးနှုန်းစရာမရှိဘူးလို့ ၀န်ကြီးချုပ် ကယ်ဗင် ရတ်ဒ် (Kevin Rudd) က ပြောကြားသွားပါတယ်။
အခုထိ သေဆုံးသူပေါင်း ၁၃၀ ရှိသွားပါပြီ။ မီးကိုငြှိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ ထောင်ပေါင်းများစွာသော မီးသတ်သမားတွေဟာ မီးကို ၀ိုင်းငြှိမ်းသတ်နေတဲ့ လူထုတွေကို ကူညီဖို့ စစ်တပ်တွေကို စေလွှတ်ထားတယ်လို့ မစ္စတာရတ်ဒ်က ပြောပါတယ်။ အိမ်ခြံပေါင်း ၇၅၀ မီးလောင်ကျွမ်းသွားပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေက မီးလောင်သွားတဲ့ နေရာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေပြီး သေဆုံးသူတွေရဲ့ အိမ်ခြံမြေပျက်စီးမှု အရေအတွက်ကတော့ ပိုများလာမှာ သေချာတယ်လို့ အရာရှိတွေက ဆိုပါတယ်။မဲလ်ဘုန်းမြို့တ၀ိုက်မှာ မီးပေါင်း ၄၀၀ လောက် လောင်ကျွမ်းနေပြီး စတုရန်းမိုင်ပေါင်း ၂,၀၀၀ နီးပါး မီးဘေးသင့်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။




နျူကလီးယား၏ဖခင်နာမည်ကြီးသူအား ပြန်လွှတ်

ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယားဗုံး ထုတ်လုပ်တဲ့ဖခင်အဖြစ်နဲ့ နံမည်ကြီးတဲ့ ပါကစ္စတန် သိပ္ပံပညာရှင် အက်ဘ်ဒူကာဒီယာ ခန်း (Abdul Qadeer Khan) ကို သောကြာနေ့က အစ္စလာမ်မာဘတ်မြို့ တရားရုံးကနေ ပြန်ပြီး လွှတ်ပေးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယားလျှို့ဝှက်ချက်တွေကို ရောင်းချခဲ့ပါတယ်လို့ ၀န်ခံခဲ့သူကို အခုလို ပြန်လွှတ်ပေးလိုက်တာမို့ ဒီဆုံးဖြတ်ချက်ဟာ မဖြစ်သင့်တဲ့ဆုံးဖြတ်ချက် ဖြစ်ပြီး ၀မ်းနည်းဖို့ ကောင်းပါတယ်လို့ အမေရိကန်နိုင်ငံက ဝေဖန် လိုက်ပါတယ်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမား က နျူကလီးယားလက်နက် နဲ့ပတ်သက်ပြီး သူ့ကို စွပ်စွဲထားသလို ဆက်မလုပ်စေဖို့ ပါကစ္စတန်အစိုးရက အာမခံပေးဖို့ လိုလားပါတယ်လို့ အိမ်ဖြူ ပြောခွင့်ရ ရောဘတ် ကိတ်ခ်ျ က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း ပါကစ္စတန် သိပ္ပံပညာရှင် ခန်း ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သိပ်ပြီးပူပမ်တယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရ ဂေါ်ဒန် ဒူးဂွတ် ကလည်း ဒါဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် သိပ်ကို စိုးရိမ်စရာကောင်းပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မန္တလေးမီးလောင်မှု 9.2.09

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၃၀၀ကျော်လောက် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ 9.2.09 ညနေပိုင်းက လောင်ကျွမ်းခဲ့တာပါ။
မြရည်နန္ဒာဘက်ကနေစပြီးလောင်တာ သုံးနာရီခွဲကျော်ကျော်ကနေ လေးနာရီခွဲကျော်လောက်မှ ငြိမ်းသွားပါတယ်၊ ရပ်ကွက်တို့၊ ဃ ရပ်ကွက်တို့၊ သုံးရပ်ကွက်ပါသွားတယ်၊ အိမ်ခြေ ၃၀၀ ကျော်နဲ့ တဲတွေပဲရော ပါသွားပါတယ်၊
မီးလောင်တဲ့နေရာဟာ လက်လုပ်လက်စားတွေ အများစုနေထိုင်တဲ့ နေရာဖြစ်ပြီးဝါးတို့ သက်ကယ်တို့နဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေများတာကြောင့် ၁ နာရီလောက်အတွင်းမှာ အခုလို အိမ်အများအပြား လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အခြားဒေသခံတယောက်က ပြောပါတယ်။
လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး လူမှုကူညီရေးအသင်းတွေက လာရောက်ကူညီကြတယ်လို့ သိရပါတယ်၊
မီးလောင်မှုဟာ ဆိုင်ကယ်ဓာတ်ဆီထည့်ရာကနေ လောင်ကျွမ်းတာဖြစ်တယ်လို့ပြောဆိုသူတွေရှိနေပေမယ့် ဘာကြောင့်လောင်တယ်ဆိုတာ အတိအကျ မသိရသေးသလို မီးလောင်မှုကြောင့် အဆုံးအရှုံး၊ အသေအပျောက် ဘယ်လောက်ရှိမယ်ဆိုတာလည်း မသိရသေးပါဘူး။
လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မန္တလေး ရတနာပုံဈေးကြီးမီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မီးလောင်မှုပေါင်း ၇၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်ငွေသိန်း ၄၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်အတွင်းမှာ မန္တလေး ရတနာပုံဈေးအပြင် တွံတေးဈေး၊ မော်လမြိုင်ဈေးတွေကိုပါ မီးလောင်ခဲ့တာ ကြောင့် အရင်နှစ်တွေနဲ့ နှိုင်းစာရင် ဆုံးရှုံးမှုအများဆုံးနှစ်ဖြစ်တယ်လို့ သိရှိရပါတယ်