မန္တလေးမီးလောင်မှု 9.2.09

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၃၀၀ကျော်လောက် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ 9.2.09 ညနေပိုင်းက လောင်ကျွမ်းခဲ့တာပါ။
မြရည်နန္ဒာဘက်ကနေစပြီးလောင်တာ သုံးနာရီခွဲကျော်ကျော်ကနေ လေးနာရီခွဲကျော်လောက်မှ ငြိမ်းသွားပါတယ်၊ ရပ်ကွက်တို့၊ ဃ ရပ်ကွက်တို့၊ သုံးရပ်ကွက်ပါသွားတယ်၊ အိမ်ခြေ ၃၀၀ ကျော်နဲ့ တဲတွေပဲရော ပါသွားပါတယ်၊
မီးလောင်တဲ့နေရာဟာ လက်လုပ်လက်စားတွေ အများစုနေထိုင်တဲ့ နေရာဖြစ်ပြီးဝါးတို့ သက်ကယ်တို့နဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေများတာကြောင့် ၁ နာရီလောက်အတွင်းမှာ အခုလို အိမ်အများအပြား လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အခြားဒေသခံတယောက်က ပြောပါတယ်။
လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး လူမှုကူညီရေးအသင်းတွေက လာရောက်ကူညီကြတယ်လို့ သိရပါတယ်၊
မီးလောင်မှုဟာ ဆိုင်ကယ်ဓာတ်ဆီထည့်ရာကနေ လောင်ကျွမ်းတာဖြစ်တယ်လို့ပြောဆိုသူတွေရှိနေပေမယ့် ဘာကြောင့်လောင်တယ်ဆိုတာ အတိအကျ မသိရသေးသလို မီးလောင်မှုကြောင့် အဆုံးအရှုံး၊ အသေအပျောက် ဘယ်လောက်ရှိမယ်ဆိုတာလည်း မသိရသေးပါဘူး။
လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မန္တလေး ရတနာပုံဈေးကြီးမီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မီးလောင်မှုပေါင်း ၇၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်ငွေသိန်း ၄၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်အတွင်းမှာ မန္တလေး ရတနာပုံဈေးအပြင် တွံတေးဈေး၊ မော်လမြိုင်ဈေးတွေကိုပါ မီးလောင်ခဲ့တာ ကြောင့် အရင်နှစ်တွေနဲ့ နှိုင်းစာရင် ဆုံးရှုံးမှုအများဆုံးနှစ်ဖြစ်တယ်လို့ သိရှိရပါတယ်

No comments:

Post a Comment

think !