မခွဲတမ်းချစ်တယ်


မိုင်တွေ ကွာဝေးနေပါစေ ဘယ်တော့မှ မဆွေးဘူး
မင်းကိုချစ်တဲ့သွေး
ခပ်နွေးနွေး ခနတိုင်း စီးနေတယ် . . .
လှည့်ပြေးနေတဲ့ အတွေးတွေရဲ့
ပျော်မွေ့တဲ့ နားခိုရာဟာလဲ
အမြဲတမ်း မင်းအကြောင်းတွေသာ ဖြစ်တယ် . . .
အသက်ရှိနေသ၍ပေါ့
မမေ့မလျော့တဲ့စိတ်နဲ့
ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာမင်းရှိမယ် . . .
အစွဲအလန်းကြီးတဲ့ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ရာ အချိန်ဆိုတာ
အသုံးမ၀င်ပါဘူး ငါ့ရင်ဘတ်ထဲက မင်းအတွက်
တစ်စုံတစ်ရာ ခိုင်မာ သေချာ နေတုန်းပဲ . . .
အမုန်းဝင်္ကပါ တစ်ခုမှန်း သိတဲ့နောက်
ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး
မင်းပေးမယ့် အမုန်းဆူး
နှလုံးသားကို စူးပါစေတော့ . . .
မခွဲတမ်း ချစ်ခွင့် မရှိပေမယ့်
အမြဲတမ်းတော့ မင်းကိုချစ်တယ် . . .

No comments:

Post a Comment

think !