ဂရင်းလန်းဒေသရေခဲတောင်များ ကွဲအက်

အာတိတ် ဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဂရင်းလန်း မြောက်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်များ သက်ရောက်လာပြီ ဖြစ်ကြောင်း ဂြိုလ်တု ဓါတ်ပုံ အသစ်များအရ သိရကာ ကြီးမားသော ရေခဲတောင် ကွဲမှု ဖြစ်ပွားပြီး (၁၁) စကွဲယား မိုင် ရှည်လျားသည့် ရေခဲတုံးကြီးမှာလည်း ၎င်း၏ ပင်မ ရေခဲတောင်မှ ကွဲထွက်သွားပြီ ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များမှ ပြောကြားလိုက်သည်။
တက္ကသိုလ် ပါမောက္ခ တစ်ဦးမှ ပြောရာ၌ Petermann ရေခဲတောင် အမည်ရ မြောက်ကမ္ဘာခြမ်းရှိ အကြီးဆုံးသော ရေပေါ် ရေခဲတောင်ကြီးတွင် ကွဲအက်ရာ တွေ့ရှိရကြောင်းနှင့် ယခုနှစ်အတွင်း အဓိက ပျက်စီးမှု တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ယခု အခြေအနေထက် ပိုဆိုးလားပါက အခြားသော ဂရင်းလန်း ဒေသ မြောက်ပိုင်းရှိ အဓိက ရေခဲတောင်များမှာ အရည်ပျော်မှု ဖြစ်စဉ် ပိုမို မြန်ဆန်လာနိုင်ကြောင်း ယင်းမှ တဆင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာမှုကို ပိုမို ဖိအားပေး တော့မည် ဖြစ်သည်။ အလားတူပင် တောင်ပိုင်းရှိ ရေခဲများမှာလည်း ပိုမို အရည်ပျော်စေတော့မည် ဖြစ်သည်။
အထက်ပါ ကွဲအက်မှုမှာ (၇) မိုင် ရှည်လျားကာ မိုင်ဝက်ခန့် ကျယ်ပြန့်ကြောင်း သိရပြီး ၅၀၀ စကွဲယား မိုင်ရှိသည့် ရေခဲတောင်ကြီး၏ ထက်ဝက် အကျယ်ခန့် ရှိသည်။ အခြားသော အသေးစား ကွဲထွက်မှုများကိုလည်း ဓါတ်ပုံမှ တဆင့် တွေ့မြင့်ခဲ့ရကြောင်း သိရသည်။ ရေခဲတောင် သုတေသန ပညာရှင် Jason Box မှ ပြောရာ၌ ယခု ရေခဲ ကွဲထွက်မှုမှာ ဇူလိုင် ၁၀ ရက်နှင့် ၂၄ ရက်ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မက်ဟန်တန်မြို့၏ ထက်ဝက်ခန့် ပမာဏရှိကြောင်း ပြောခဲ့သည်။ ယခု Petermann ရေခဲတုံးကြီးမှာ လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှ စတင်၍ မူလ ရေခဲတောင်ကြီးမှ ကွဲထွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ။

No comments:

Post a Comment

think !