အပါအ၀င် 23 ယောက်မြောက်တခါက

အပါအ၀င်၂၃ ယောက်မြောက်တခါက
အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့

No comments:

Post a Comment

think !