ဟိုတစ်ချိန်တုန်း..အိမ်မက်လေးတစ်ခုကို..တစ်ယောက်သောသူ ပြန်မက်ခွင့်ရခဲ့တာ အမှန်ပါလို့ပြောရင်... အရူးလို့ပြောကြမှာလား.. မယုံရင်..အချစ်ပုံပြင်လေးတစ်ပုဒ်ပေါ့ကွာ....ဒါဟာတကယ်ပါလို့ ပြောမဲ့သူ တစ်ယောက်တော့ ရှိတယ်...သူက ? သူက?
လေအေးအေးလေးနဲ့ မိုးကရွာနေတာတော့မဟုတ်ပါဘူး... ရေမှုံလေးတစ်စတစ်စလေးပေါ့... ညမှောင်ရဲ့ အင်အားကို အအေးဓါတ်လေးပေးရင်း လယ်ကွက်လပ်လေးတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ဖားလိုက်ရိုက်ရတဲ့ အရသာလေးကတော့ ဘယ်သူကိုမှာတောင် မမြင်မိတော့ပါဘူး... အရာရာတိတ်ဆိတ်နေတဲ့ထဲက ဖားတွေရဲ့ အော်ဟစ်သံကတော့ ဆူညံ့နေဆဲပါ... နောက်မိနစ်ပိုင်းချိန်လေးမှာ ကိုယ့်ရင်ကို တုန်လှုတ်သွားမဲ့ အရာတစ်ခု ပေါ်လာမယ်ဆိုတာကို မထင်မိခဲ့တဲ့ ကိုယ့်ရဲ့လွတ်လပ်တဲ့ နှလုံးသားတစ်ခုကို အခုချိန်လေးအတွင်း တွင်သာပိုင်ဆိုင်ထားခဲ့တယ်... "ဟ" ကျွန်တော် နဲနဲလန့်သွားမိတယ်... ညအချိန်မှာ (၇နာရီကျော်ကျော်) လူမရှိဘူးထင်လောက်တဲ့ အာရုဏ်က ဓါတ်မီးနဲ့ ကျော်စံကွေးလေးကို အာရုဏ်စိုက်ရင်းလယ်ကွက်လေးဘေးက လမ်းမပေါ်အတက် ခြေတစ်စုံပေါ့...အနည်းငယ်တော့ လန့်သွားတာအမှန်ပါ..သူငယ်ချင်းတွေကိုကြည့်တော့ ကျွန်တော့ကိုတောင်ကျော်တက်သွားပြီ... အင်း ဒါဘယ်သူတုံး... ခြေထောက်ဖွေးဖွေးလေးကိုစုရပ်လို့..ဘောင်းဘီအနီအရှည်လေးကိုဒူးခေါင်းထိ ခေါက်ပြီးတင်ထားတဲ့ ကောင်မလေးတစ်ယောက်ပေါ့... မမြင်ဖူးပါဘူး... ငါဒီရပ်ကွက်မှာနေတာ...တော်တော်တော့ကြာနေပါပြီ... ဘယ်သူလဲ... ရုပ်ကလေးကတော့ ငါ့ကိုတောင် ရှေ့နေလုပ်မဲ့ရုပ်ပါလား.... ကျွန်တော်..စဉ်းစားရင်းနဲ့ လက်ကသူ့အလိုလို ကောင်မလေးရဲ့ မျက်နာအား ဓါတ်မီးနဲ့ထိုးမိသလိုဖြစ်သွားတယ်... "ဟေ့ရောင်..အဲဒါဘာလုပ်နေတာလဲ..." အဲလိုပြောတော့ ကိုယ်ကဘဲ ထွက်ပြေးရတော့မလိုလိုဖြစ်သွားမိတယ်..ဖိုက်တာလားပေါ့... အင်း အဲဒါနဲ့ ကျွန်တော်က"အင်း ဘာမှမလုပ်ပါဘူး..ဖား လိုက်ရိုက်နေတာ" .. ကောင်မလေးက "ဖားရိုက်တာ ..ဟုတ်လား" "အင်းဟုတ်တယ်" "ဒါဆို ဘယ်နှစ်ကောင်ရပြီလဲ" ... အန်အဲတော့မှ ကျွန်တော်စဉ်းစားမိလိုက်တယ်.. ဟုတ်ပါရဲ့ ဖားတာလိုက်ရိုက်တာ တစ်ကောင်မှမရသေးဘူး... နေပါအုံး သူက ကြောက်စိတ်လည်းမရှိဘူး.. ဘလိုင်းကြီးပါလား.. ငါ့ဆီမှာများ ဖားရိုက်လို့ရရင်တောင် သူက အကုန်များယူသွားမလားဘဲ... ဟင်းဟင်း..တွေ့ကြတာပေါ့... အဲဒီမှာ ကျွန်တော်က "နေပါအုံး ..မင်းက ဘယ်ကလဲ.. ငါမင်းကိုမသိဘူး.. " အဲဒီတော့ သူမက "ခင်ဗျားက ကျွန်တော့ကို မသိဘူး... ကျွန်တော်က ဟိုနားက အိမ်မှာနေတာ ခင်များကို ကျွန်တော် တွေ့ဖူးသားဘဲ..ခင်ဗျား ဖားရိုက်တာ ဘယ်နှစ်ကောင်ရပြီလဲ...ကြည့်ချင်လို့" အော် ကောင်မလေးရာ.. ငါ့မှာမှ ဖားမှမရှိတာကွာ...ဖားက ငြိမ်ခံနေတဲ့အကောင်မှမဟုတ်တာ.. "ဟေ့ရောင် ..ငါ..ဖားတစ်ကောင်မှမရသေးဘူး.. မင်းရိုက်ပါလား..." "ဘာလို့ရိုက်ရမှာလဲ... သူများအသက်ကို ငရဲကြီးလိမ့်မယ်.." အဲ..သူကလာသား..ငယ်ငယ်ရွယ်ရွယ်နဲ့ ငရဲကြီးမှာကြောက်တယ်ပေါ့...ထားပါတော့... အဲဒီနေ့လေးပါဘဲ... ကျွန်တော်စကား ဖျက်လိုက်တယ်.. သူငယ်ချင်းတွေက ဟိုးအဝေးကိုရောက်နေပြီလေ... "တော်ပြီ..ဟေ့ရောင် ငါသွားတော့မယ်.. မင်းလည်းညမိုးချုပ်နေပြီ ပြန်တော့..." ဟုပြောပြီး အပြေးထွက်လာမိတယ်... ဒါပေမဲ့ အဲဒီမှာ တစ်ခုကျန်ခဲ့တယ်.. ကျွန်တော့ရဲ့ first life love ပေါ့...first life love ကလေးပေါ့...
နောက်တစ်နေ့
သူကိုရှာမိသေးတယ်... ဒါပေမဲ့ မတွေ့ခဲ့ဘူးလေ... သူငယ်ချင်းတွေကိုမေးကြည့်တယ်... နိုးနိုး... အိုးကောင်းလိုက်တဲ့စကားလေး... အားများရှိမလားလို့ သူငယ်ချင်းတွေကိုမေးတော့ နိုးနိုးတဲ့... ရပါတယ်.. ကိုယ့်အားကိုကိုးရတော့မှာပေါ့... အင်းလေ.. သူငယ်ချင်းအားလည်းကိုးရမှာဘဲ.. ဒါနဲ့ကျွန်တော်လည်း ရှာပုံတော်ဖွင့်ခဲ့မိတယ်..နေ့တစ်ဝက်လောက်ပါဘဲလေ... ဟော တွေ့ပြီ ဖိုက်တာလေး..အဲဟုတ်ပါဘူး.. နာမည်မသိတော့ ဘယ်လိုခေါ်ရမလဲအင်း... ဖူးဆုံနဲ့တော့ တူတယ်.. ဟုတ်ပြီ..သူဘယ်သွားမလဲ..ဘာလုပ်မလဲ... ငါသူ့နောက်ကိုလိုက်မယ်..အိုကေ... အဲဒီလိုစိတ်ကူးလေးနဲ့ကျွန်တော်စဉ်စားနေတုန်းမှာဘဲ ကျွန်တော်သတိတစ်ခုရလိုက်ပါတယ်.. ဟိုက်ခ်ျ သေပြီ.. ကောင်မလေးနောက်လိုက်မယ်တာပြောတယ်.. ငါ့ကိုငါပြန်ကြည့်တော့လဲ ဘောင်းဘီအကွဲနဲ့..အင်္ကျီကလည်း ညစ်ပတ်လို့... အင်း..ကောင်မလေး နောက်လိုက်လို့မဖြစ်ပါဘူး... ဒါဆိုရင် သူ့သူငယ်ချင်းတွေက ဘယ်သူလဲ...စာပေးမယ်ကွာ..ဟု စဉ်းစားရင်း စာလေးတစ်စောင်ရေးဖို့ စာအုပ်ကလေးချပြီး ဘောပင်လေးကိုင်တော့ အဲဒီမှာ စတာဘဲ...ကျွန်တော့်ရင်တွေ ခုလာတယ်.. ဘာကြောင့်လဲ..ဘယ်သိမလဲလို့မဖြေတော့ပါဘူး... သူ့ကိုချစ်တယ်..သူ့အနေအထိုင်လေးကို ချစ်တယ်...သူ့ကို ချစ်မိသွားတယ်... ကျွန်တော် နောက်တစ်နေ့မှာ သူ့ကိုစကားလိုက်ပြောတာ ဘာတွေဖြစ်လဲ သိလား.. ကျွန်တော်ရင်မှာ ဗလောင်ဆူနေတယ်... ကျွန်တော့်ရင်တွေခုန်တာ အဲသလောက်ထိခုန်တာ သေများသေသွားမလားတောင် ကိုယ့်ကိုကိုယ် ထင်မိတဲ့အထိပါ... အဲဒီအချိန်မှာ ပါးစပ်က ဘာမှကိုပြောမထွက် တော့ဘူးဗျာ.. လောကကြီးမှာ အဲသလောက်တောင်မှ အချစ်မှာစွမ်းအားရှိမှန်း မသိခဲ့ပါဘူး... ကိုယ့်ကိုကိုယ်တောင် ယိုင်လဲမသွားအောင် လမ်းလျှောက်နေရတဲ့အထဲ သူမကို စကားပြောဖို့ ယောက်ျားရဲ့ ခွန်အားတွေ ဘယ်ကနေဘယ်လို ပျောက်ကုန်တာလဲ... ကောင်မလေး ..မင်းဘဲ စုတ်ယူသွားလား... မင်း.. တရုတ်သိုင်းကားထဲကလို ကျင့်စင်တွေများကျင့်ထားလား... အင်း...စဉ်းစားရင်းနဲ့ သွားတာက ကျောင်းကို.. အခုတော့ လမ်းမှာတင်..အဲမဟုတ်ပေါင်..သူမရဲ့အနောက်ကနေ..သူမကိုတောင်မကျော်တက်နိုင်သေးတဲ့ဘ၀ ရောက်နေတုန်းပါဘဲ.. အိုမဖြစ်သေးဘူး...ရှိသမျှအားအင်တွေ..အမေငယ်ငယ်တုန်းက နွားနို့တိုက်ထားတဲ့ အားတွေ.. စုစမ်း..ပြန်စုစမ်း... ဖူး..ဆိုပြီး ၀မ်းဗိုက်ထဲက လေကလေးကို ညှင်သာစွာထုတ်ယူရင်း စိတ်တွေကို လျော့ချလိုက်မိတယ်.. အဲဒီမှာ စတော့တာဘဲ... အင်္ဂလိပ်လိုပြောရင်တော့ Love War ပေါ့နော်.. စပြီ.. "ဟိတ်..ဘယ်သွားမလို့လဲ..." သူမက "မင်းငါ့ကိုသိလို့လား" ...အန်.. "ဟ ..သိတာပေါ့ကွ.. မင်းအခု ကျောင်းသွားမှာလား... ငါ့..မင်းကို ပြောစရာရှိလို့... ပေးပေး ..မင်းထမင်းချိုင့် ငါကိုင်ပေးမယ်..."အဲဒီတော့ သူက "ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘာမှမ မဆိုင်တာ..ကျွန်တော့ဟာ ကျွန်တော်ကိုင်ပါ့မယ်..သူများတွေ မြင်သွားရင်မကောင်းဘူး.." "ရပါတယ် ပေးပါ... ငါကိုင်ပေးပါ့မယ်..." ဟု ကျွန်တော်ပြောရင်း စိတ်ထဲမှာတော့ အင်း...အသက်တွေလည်း အောင့်ပြီးပြောရတာ... လမ်းမှာတင် ဘုန်းဘုန်းလဲပြီး ပြစ်များလဲတော့မလားမသိ... ရင်ထဲမှာလဲ တရုတ်တိုက်ပွဲလား..အမေကြမ်းလမ်းမသိဘူး..တစ်ခုခုတော့ဝင်ပြီး လှုပ်ရမ်းနေပြီ.. မင်းဘဲဖြစ်မှာပါ.. အဲဒီအချိန်မှာ သူ့ချိုင်လေးကို ကိုင်ဖြစ်ခဲ့တယ်.... ဒါနဲ့ သူ့နာမည်လေးမေးတော့ ..သူကဖြေတယ်လေ... ဒါနဲ့ ကျွန်တော်တို့တွေ သိသွားခဲ့တယ်.. ကျွန်တော့်အချစ် ကိုစခဲ့တာ ဖားကလေးပါ...အဲဟုတ်ပေါင်.. မင်းကလေးပါ....ဒီလိုနဲ့ ...ကျွန်တော့်ရင်ထဲက တိုက်ပွဲကိုနားလည်သဘောပေါက်ခဲ့တဲ့ ကျွန်တော်ဟာ သူ့ရှေ့မှာတင် သူ့ကိုချစ်ပါတယ်လို့ ပြောဖို့အတွက် ကိုယ့်ကိုကိုယ် နားလည်သဘောပေါက် ခဲ့ပါတယ်.. ဒါနဲ့ ကျွန်တော်လည်းဘယ်ရမလဲ စာတစ်စောင်ပေတစ်ရွက်နဲ့ အားခဲတော့တာပေါ့.. အဲဒီအချိန်မှာ နာဂစ်ဝင်လာတော့တာဘဲလေ... အခုတော့ သူ့ကို နာဂစ်အတွက် တောင်းပန်းရင်း ချစ်သူမျက်နာလေး မညှိုးနွမ်းအောင် သွေးမြေကျ အနွံတာခံချစ်သွား ပါ့မယ်လို့ကတိပြုလျှက်....ကျွန်တော်..
နောက်နောင်...
အချစ်ဦးချစ်နဲ့..နောက်ဆုံးအချစ်ကို
အချစ်ဆုံးအတွက်..တောင်းပန်ရင်း...
ဘယ်တော့မဆို..ဘယ်အချိန်မဆို..
ချစ်သူ့မျက်နာ မညှိုးနွမ်းလေသောအချစ်နဲ့..
နောင်တများဝေးကွာ.သွေးမြေကျလျှက်
ချစ်သွားပါ့မယ်လို့...သက်ဆုံးတိုင်...ကတိပေးတဲ့..ကျွန်တော်...
No comments:
Post a Comment
think !