တစ်ခုတော့ လက်ခံပေးပါ..ချစ်သူ

အချိန်တိုင်းက နှလုံးသားနဲ့ဆက်နွယ်နေတယ်ဆိုရင်...
မင်းရင်ထဲက စမ်းချောင်းကလေး ဘယ်ကို စီးဆင်းနေမလဲ...

အေးချမ်းတဲ့ သစ်ပင်အောက်ကနေ...
နေရောင်အောက်ကို မထွက်ချင်ပါနဲ့....

ကိုယ်သာ မင်းအတွက်ဆိုရင်....
မင်းသာ ကိုယ့်အတွက်ဖြစ်ပါစေ....

မမျှော်လင့်တဲ့ဘ၀လေးထဲမှာ တွေ့ကြပေမဲ့....
အရာရာအားလုံး မှေးမှိန်မနေပါနဲ့....
မမျှော်လင့်တဲ့ အချစ်တွေက..မင်းဆီကို ရောက်လာမယ်ဆိုတာ...
လက်ကမ်းလို့ ကြိုလင့်နေပါ...

မဝေးကြပေမဲ့ ..ဝေကြမဲ့စကားလုံးက...
နောက်ကပါလာစမြဲပါ...
ဒါပေမဲ့ချစ်သူ..
မနီးပေမဲ့.....
မဝေးဘူးဆိုတာတော့..လက်သင့်ခံလိုက်ပါ....

No comments:

Post a Comment

think !