
တို့တွေ..ဘာလို့ ခဏခဏ..ခွဲခွာနေရတာလဲ..
ကံဇာတာရယ်...
ခဏလောက်ဝေးတာ..တစ်သက်လုံးနီးရဖို့အတွက်လား..
ကြည့်မိတော့..နီးမလိုလိုနဲ့... ဝေးလှတဲ့ တောင်ပြာတန်းတွေရယ်..
မေ့မျက်ဝန်းကို ဘာကြောင့် ပုံဖေါ်ပေးရတာလဲကွယ်...
တောင်ပြာတန်းမှာ..မေ့မျက်ဝန်းလေးပေါ်နေခဲ့အုန်းမယ်ဆိုရင်..
ဝေးနေရအုံးမယ်ဆိုတဲ့..အသိတွေ..စိတ်ထဲကို..တိုးဝင်လာမိနေလို့ပါ...
အဝေးမှာနေရတဲ့အချိန်ရယ်..
ကြာညောင်းလှပါတယ်..
အနီးမှာနေရတဲ့..အချိန်ရယ်..
ဘာကြောင့်များ တိုးတောင်းရတာလဲကွာ..
အချစ်ရဲ့ မယာရယ်..မလှည့်စားပါနဲ့တော့...
ပျော့ပျောင်းလှတဲ့....ကိုယ့်နှလုံးသားကို ...
စာနာတက်တဲ့ နှလုံးသားနဲ့....
ဝေးမသွားအောင်..အနားမှာ...
တစ်သက်သာ လာနေပေးပါချစ်သူရယ်....
No comments:
Post a Comment
think !