စိတ်မချလို့

ကောင်မလေး..
မင်းအတွက် ခံစားနေရတယ်ဆိုတာ..
ကောင်မလေးတစ်ယောက် သိပါ့မလား..
နေမင်းကြီးဝင်လို့..လမင်းထွက်ပေါ်ချိန်ကို..
စောင့်နေမိတယ်…
မင်းကိုစောင့်နေခဲ့တာ… စိတ်တထင့်ထင့်နဲ့ပါ
ကောင်မလေးရေ…
အပြောင်းအလဲတွေကြားမှာ..မင်းတစ်ယောက်..
မပြောင်းလဲပါနဲ့လို့..ဆုတောင်းပါတယ်…
ချစ်စကားကို..မုန်းစကား…
ပြောထွက်မဲ့ရက်ကိုတော့…
မစောင့်ချင်ဘူးကလေးရေ…
မုန်းစကားပြောမဲ့နေ့က..
ကိုယ့်ဘ၀ရဲ့ နောက်ဆုံးနေ့ဆိုတာ…
ကောင်မလေး..သိထားပေးပါနော်..
သံယောဇဉ်ရှည်ရှည်ထဲမှာမှ…
တိတ်တိတ်ကလေး ခိုးထွက်မသွားလိုက်ပါနဲ့…
ချစ်သူအလိုကျနေရပေမဲ့..
ချစ်သူအလိုကို..မလိုက်နိုင်တာ..
တစ်ခုရှိတယ်လေ…
အဲဒါက..တကယ်ချစ်မိသွားတာပါ…

No comments:

Post a Comment

think !