ချစ်သောလမင်း

စကားလေးတွေပြောချင်သေးတယ်
ချစ်တဲ့မင်း..ကြည်ဖြူနိုင်ပါဦးမလား..လမင်းရယ်....
အချစ်ကိုသက်သေပြဖို့
အကောင်အထည်မရှိလို့လား
အမြဲတမ်းအရှုံးပေးထားတဲ့နှလုံးသားကိုမှ
အနိုင်ယူချင်တာလား....အနိုင်ယူရက်လား...
ဘယ်သူမှမခွဲသေးတဲ့အသဲလေးကိုမှ ခွဲချင်တာလား...
ဖုန်းဆက်ရင်း စကားတစ်ချို့ပြောခွင့်နဲ့
ကျန်ရစ်ခဲ့တာ
အောင့်သက်လှပါတယ်....
ချစ်ခဲ့တဲ့အကြောင်းလေးတွေ....
လျှောက်ခဲ့တဲ့လမ်းလေးတွေနဲ့အတူ...မမေ့ကောင်းတဲ့ အတိတ်ကြောင်းကိုတော့
မဖျောက်ဖျက်လိုက်ပါနဲ့
အတူအေးပါရစေကွာ....

No comments:

Post a Comment

think !