အိမ်မက်အရှင်

ဒီဘ၀ကြီး ကြမ်းတမ်းပါစေ..

ဆူးခင်းထားတဲ့လမ်းမို့လို့လား…

ဖိနပ်ထူထူစီးလို့..လျှောက်ကြမယ်…

ချစ်သူက ကိုယ့်ကျောပိုးမှာပေါ့…

အားဆေးသဖွယ်..ချစ်သူရဲ့အနမ်းအလယ်မှ….။

ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းမို့လို့…

ချစ်သူ ..မင်းသာအပိုင်စိုးမိုးထားပါတယ်..

အိမ်မက်ရဲ့….အရှင်…သခင်..

ငါ့အိမ်မက်မှာစိုးစံလို့.. မင်းသား..အဖိုးတန်ဆုံးပါကွယ်..။

အမိန့်မဟုတ်တဲ့ အမိန့်ကလေးပါ

ချစ်သူစကားတွေ..အမိန့်မဟုတ်ပေမဲ့လဲ..
ချစ်သူအလိုကျကို ဖန်တီးခဲ့တယ်..
ဘာကြောင့်များလဲ ငါမသိခဲ့ဘူး..
ငါ့အချစ်က..
တုန့်ပြန်ခြင်းတွေမလိုအပ်ပေမဲ့..
တစ်ခုတော့တောင်းဆိုပါရစေ…ချစ်သူ..
မုန်းတယ်လို့တော့ မပြောလိုက်ပါနဲ့…

ချစ်သူသဘာဝ

ကောင်းမလေး..

ချစ်တယ်လို့နှုတ်ဖြားကဖြေရမှာ..

ဘာလို့ရှက်နေတာလဲ..

လိုသေးလို့လားလို့တော့…

မမေးပါနဲ့…

ချစ်သူဆီက ချစ်တယ်ဆိုတဲ့စကား..

အမြဲကြားချင်တာ..

ချစ်သူ့သဘာဝပါ… ချစ်သူရာ…

အရမ်းချစ်ရတယ် စိတ်ညစ်လား

ကောင်မလေးရေ..
ချစ်တယ် ဆိုတဲ့အကြောင်း
ခဏခဏပြောလို့..စိတ်ညစ်နေပြီလား..
ချစ်သူကို…ချစ်တဲ့အကြောင်း..
အခွင့်အရေးရတိုင်းပြောချင်မိတာ…
ချစ်တဲ့စိတ်ရဲ့..သဘာဝပါပဲ….
ဖြစ်နိုင်ရင်…
တစ်ကမ္ဘာလုံးကြားအောင်.. ပြောချင်နေမိတာ...။

ကောင်မလေးရေ..
ဘာကိုချစ်တာလဲ..ဟုတ်လား…
အမြဲရယ်ပြုံးနေတဲ့.. မင်းမျက်နှာလေးကိုချစ်တယ်…
လေအဝှေ့မှာ..တဖျပ်ဖျပ်လွင့်နေတဲ့..မင်းရဲ့ ဆံနွယ်လေးကိုလည်းချစ်တယ်..
သင်းပျံပျံမွှေးတဲ့ မင်းရဲ့မျက်နှာပေါ်က သနပ်ခါးလေးတွေကိုလည်းချစ်တယ်..
ချစ်တာတွေကတော့ အများကြီးပဲ…
အားလုံးခြုံပြောရရင်…
နင့်ကို…နင်ဖြစ်နေလို့ချစ်တာပေါ့ကွယ်…။

သတိရရဲ့လားတဲ့..
မေးစရာမလိုတဲ့မေးခွန်းပါ..ကောင်မလေးရယ်..
ချစ်သူတော်ခွင့်မရခင်ကတည်းက…
အိပ်ရာဝင်ရင်..မင်းအကြောင်း…
အိမ်မက်မက်ရင်မင်းအကြောင်း…
အိပ်ရာထရင် မင်းအကြောင်း….
အဲဒီလိုစိုးမိုးနေခဲ့တာပါ…
သတိရခြင်းတွေကို စာဖွဲ့ပြောရရင်…
လိုက်ရေးတဲ့သူ လက်ညောင်းသွားလိမ့်မယ်…
အစဉ်တိုင်း သတိရပါတယ်…ကောင်မလေးရယ်…။

ထားခဲ့ပါ ဒီအတိုင်း

ခွဲခွာခြင်း နီးကပ်လာလေသမျှ..

မနက်ဖြန်ကိုတောင်..

တွေတွေလေး မကြည့်ဝံ့တော့ဘူး..

မနက်ဖြန်တွေဝေးကွာဖို့..

ဘယ်လိုဆွဲငင်အားတွေက..

ရပ်တန့်ပေးနိုင်မှာလဲ…

ကောင်မလေးရေ..

ဘယ်လိုအကြောင်းမျိုးနဲ့မှ..

မဝေးကွာချင်ဘူး…

သိပ်ချစ်တဲ့ ကောင်မလေးရယ်..

ချစ်သူရေ..မဖြစ်သာလို့…

လမ်းခွဲကြရင်တောင်..

အရာရာအားလုံးကို ဒီအတိုင်းဘဲထားရစ်ခဲ့ပါနော်…

တို့ဒီအတိုင်းလေးဘဲ…ငေးကြည့်နေပါရစေ…။

လျှောက်ရမဲ့လမ်း

သတိရခြင်းများစွာတို့သည်..

ဆောင်းလေပြေညှင်းနဲ့အတူ..

လွင့်မျောလျက်..

သူမထံသို့…

အရောက်သွားနိုင်လျှင်လည်းကောင်းမည်…

မိုးစက်တို့နဲ့အတူ…

စမ်းချောင်းလေးအတိုင်းလည်း..

အရောက်သွားနိုင်ရင်လည်း ကောင်းမည်…

နွေလေပြေလေးနဲ့အတူ..

အရောက်သွားနိုင်ရင်လည်းကောင်းမည်…

ခယောင်းတောလမ်းကလွဲခဲ့ရင်ပေါ့..

ရင်ဆိုင်မဲ့သူ

ကြင်နာစွာနားလည်မယ်ဆိုရင်…
ချစ်သူရယ်…
ပုခုံးလေးသာမှီလိုက်ခဲ့ပါ…
အားလုံးရှေ့မှာ ရင်ဆိုင်သွားမှာ..
ကိုယ်ပါ…။



ချစ်သူ..
ငါတို့ရဲ့အတိတ်က..
အိမ်မက်မဟုတ်ခဲ့သလို..
မနက်ခင်းတွေမှာလဲ…
ပျောက်ကွယ်မသွားပါဘူး…။

မင်းမျက်နာ

အဓိပ္ပါယ်မဲ့ မိုးတိမ်တွေကို ..

ငေးမိရင်တောင်..

ငါ့ကောင်းကင်က..

မင်းဖြစ်သွားတယ်…။

ခဏတာတွေ့ရပေမဲ့..

တဘ၀တာကို မေ့လို့မှမရဘဲ..

ခဏတာချစ်ရပေမဲ့…

အရိပ်တစ်ခုလို ထင်ကျန်နေရအောင်..

ငါ့နှလုံးသားက.. သရဲများဖြစ်နေပြီလား…။

ရူးချင်တယ်

ပြောပြချင်တယ်..ဒါပေမဲ့..

အပြောရခတ်တယ်..ကောင်းမလေးရယ်..

အရူးဆိုလည်း ရူးလိုက်ချင်ရဲ့…

ချစ်ခွင့်မရှိတဲ့ ဘ၀လေးမှာ..

ဘာဘဲဖြစ်ဖြစ်..ရူးနေတာဘဲကောင်းပါတယ်..

မလှောင်ပါနဲ့ ကောင်မလေးရယ်..

ဒီလူ..တကယ်ချစ်တာပါ…။

စကားလုံးတစ်ထောင်နဲ့..

နှလုံးသားကို ယိမ်းယိုင်အောင်..

စွမ်းဆောင်လို့မရနိုင်ပေမဲ့…

ချစ်သူရဲ့အကြည့်တစ်ချက်ကတော့..

နှလုံးသားကို လဲပြိုကျသွားစေနိုင်တယ်…လေ…။

လွမ်းရသူ

ရင်ထဲမှာသံဇဉ်တွေမရှိတော့ဘူးဆိုပေမယ့်..
အခုကြားနေရတဲ့သံစဉ်တွေက..
ငါ့ရဲ့..ရင်ခုန်သံတွေဖြစ်နေခဲ့တာ..
ကိုယ့်ကိုကိုယ်တောင် မယုံကြည်နိုင်တော့ဘူး..
ကောင်မလေးရေ..

လွမ်းတယ်..ဒါတကယ်ဘဲလား..
ချို့ချို့တဲ့တဲ့နေရက်တွေမှာတောင် ..
မင်းကို လွမ်းခဲ့ရတယ်…
တကယ်လို့များ..
ထာဝရခွဲခွာရမယ်ဆိုခဲ့ရင်..
တစ်ခုတော့ တောင်းဆိုပါရစေ…
ဒီနှလုံးသားကို…
ရေခဲတောင်မှာ..ထားပေးပါလားချစ်သူ…

တိတ်စိတ်ဝင်လာတဲ့ ဧည့်သည်

ရင်ခုန်သံတိတ်ဆိတ်နေပါလျှက်နဲ့

ဘာကြောင့် မြတ်နိုးစိတ်ကလေးက…

တိတ်တိတ်ကလေးဝင်ရောက်လာတာလဲ..

အချစ်တစ်ခုကို မယုံကြည်နိုင်တဲ့..

ငါ့ကို..

အပြစ်တစ်ခုရဲ့ဒဏ်ခတ်ခြင်းဘဲလား..

မြင်မြင်ချင်းဘဲ ချစ်ခဲ့မိတာ…
ခဏလေးမှာ ပျောက်ကွယ်သွားတဲ့..
တိမ်ခိုးတွေလား..
အိမ်ကိုလာတဲ့ ဧည့်သည်လိုတော့..
ထားမသွားပါနဲ့.. ချစ်သူရာ

နှလုံးသားချွေသူ

ကောင်မလေးရေ..တကယ်တော့..

မင်းဟာ..

ငါ့နှလုံးသားကို တစ်စစနဲ့ကိုက်ဖြတ်နေတဲ့..

ပိုးဟပ်ဖြူလေးတစ်ကောင်ပါပဲ...

ဘာပဲဖြစ်ဖြစ်..

မင်းကို ကလေးတစ်ယောက်လိုဘဲမြင်မိပါရဲ့..

သူက

အပြစ်ကင်းစွာရယ်တက်တာကို....

ကဲ..တီးလုံးလေးနဲ့ ကြည့်ကြရအောင်

မြန်မာပြည်မှာတော့ ရှယ်တကာ့ရှယ်.. ရေကူးကန်





ရေပန်းဥယျာဉ်က ကလေးတွေကော လူကြီးတွေကို အမုန်းကမြင်းဖို့ ရေကူးကန်

နေပြည်တော်မှ ရေပန်းဥယျာဉ်သို့

ရေပန်းဥယျာဉ် ပန်းခြံဝင်ပေါက်

ငလိုက်ချောင်းကူးတဲ့ ကြိုးတံတားလေးပါ


အသံလှိုင်းနဲ့လုပ်ထားတဲ့ ရေးပန်း