တစ်ဘ၀စာအနမ်း

ကောင်မလေးရယ်...လွမ်းတယ်ဆိုတာ ဒါဘဲလား..
နှလုံးသားက မတရားနှိပ်စက်တဲ့...
တိုက်ပွဲတစ်ခုကို....
အဘယ်အရာက...ငြိမ်းအေးစေမလဲ...
စစ်ပွဲတစ်ရာတိုက်ချင်ရဲ့..အချစ်တစ်ပွဲတော့ မနွဲချင်ဘူး..
ဆိုတဲ့စကားပုံ...ပပျောက်ချင်ရဲ့...


ဘ၀မှာ..နုညံ့တဲ့ခံစားမှုက ..တစ်ခါသာ..
ခံစားရမယ်....
ပျော်ရွှင်တဲ့..အပြုံးမျိုးကို..တစ်ခါသာ
ကြုံရမယ်..
နွေးထွေးမှုကို တစ်ခါသာ..
ထိတွေ့ရမယ်ဆိုခဲ့ရင်..

ကောင်မလေး..
မိုးလင်းတဲ့အချိန်ကနေ..
မိုးချုပ်လို့..နောက်နေ့ကူးသွားစေအုံး..
ကိုယ်ပေးမဲ့..အနမ်းကတော့...
တစ်ဘ၀စာအတွက်ဆိုတာ..
စိတ်ဒုံးချလို့..ယုံသြလိုက်ပါစို့လားကွယ်..

ဝန်ခံမှ...

သူ့အပြုံး လေးတွေက ကျွန်တော့် နှလုံးသားကို
အမြဲအနိုင် ကျင့်နေတယ်
နေ့စဉ်မြင်ရင်
မင်းရဲ့အလှ..ရင်မှာမြတ်နိုး...တိတ်တခိုးနဲ့
ကြိတ်ပိုးချစ်ခဲ့တာ ကြာခဲ့ပါပြီ...
မင်းရဲ့အလှ
သဘာဝကြောင့်...ရင်မှာချစ်လာ
ဝေဒနာကို..ဖွင့်ဟချင်လည်း
မပြောရဲလို့
ရင်မှာမြိုသိပ်ချစ်ရတယ်....
တော့သေးတာပေါ့ ရင်ထဲကစကားလေးတွေ
ရင်ထဲမှာဘဲ ပြီးဆုံးတော့မလို့

ချစ်တဲ့သူ

ဝေးနေတယ်ဆိုတာ
အတွေးနယ်ထဲက အသိအမှတ်ပြုထားလို့ပါ....
မတွေ့အားပေမယ်
ရွှေ့ရှားနေတဲ့ စက္ကန့်တိုင်းမှာ
မိုးလောက်မကတဲ့ အချစ်တွေနဲ့
“ ချစ်တယ်” လို့
စကားမဆိုသေးတဲ့ မင်းလေးကို
ကိုယ်အပြစ်မဆိုချင်ဘူး..
ကြင်နာတဲ့စကားလေးတွေ
ရင်ခွင်လေးထဲမှာရှိနေရဲ့သားနဲ့
“ချစ်သူ”ရှိတယ်လို့
သူပြောစဉ်အခါတုန်းက
နှလုံသားထဲက
ခြောက်ခြားခဲ့တာ
ကိုယ်ရယ်ပါ..

ချစ်နေရတာလဲကွာ

တစ်သက်တာ တစ်ဘဝ
တစ်မျက်နှာ ထာဝရအဖြစ်
ချစ်ခဲ့ရသော နှလုံးသားက
ချစ်သူ့အပြုံးကို
လက်ရုံးလိုအားပြုချင်တာ
ချစ်သူ့အသွင်ကို
ပန်းတစ်ပွင့်လို
ဆင်ထားချင်တာ.....
ကောင်မလေးရေ ငါဘာကြောင့်
အဲဒီလောက်ထိ ချစ်နေရတာလဲ....

ချစ်သောလမင်း

စကားလေးတွေပြောချင်သေးတယ်
ချစ်တဲ့မင်း..ကြည်ဖြူနိုင်ပါဦးမလား..လမင်းရယ်....
အချစ်ကိုသက်သေပြဖို့
အကောင်အထည်မရှိလို့လား
အမြဲတမ်းအရှုံးပေးထားတဲ့နှလုံးသားကိုမှ
အနိုင်ယူချင်တာလား....အနိုင်ယူရက်လား...
ဘယ်သူမှမခွဲသေးတဲ့အသဲလေးကိုမှ ခွဲချင်တာလား...
ဖုန်းဆက်ရင်း စကားတစ်ချို့ပြောခွင့်နဲ့
ကျန်ရစ်ခဲ့တာ
အောင့်သက်လှပါတယ်....
ချစ်ခဲ့တဲ့အကြောင်းလေးတွေ....
လျှောက်ခဲ့တဲ့လမ်းလေးတွေနဲ့အတူ...မမေ့ကောင်းတဲ့ အတိတ်ကြောင်းကိုတော့
မဖျောက်ဖျက်လိုက်ပါနဲ့
အတူအေးပါရစေကွာ....

ငှက်ခါးလွမ်းချင်း

ချစ်ဆုံးလမင်း
မောင်နဲ့ဝေးလို့
အတွေးတွေများ
စိတ်ထွေဖြားပြီး
ပူဆွေးဝမ်းနည်းနေသလားကွယ်....

အနေဝေးသူမို့
ချစ်ဦးရေးတဲ့ စာတစ်စောင်
မောင်...............
....................... တဲ့
ဟောဒီတောင်ခြေရင်းက
ရပ်ခေါ်လိုက်တဲ့အသံ
နားနဲ့ဆက်ဆက်ကြားလိုက်သလိုပါဘဲ.....

ချစ်ဆုံးလမင်း
လွမ်းဆွေးနေရ
ဒီဘ၀မှာ
မောင်ရေးလိုက်တဲ့
ကဗျာလေးကိုဖတ်ပြီး
ထပ်ကာထပ်ကာ အလွမ်းပြေပါစေတော့ကွာ.....