ကောင်မလေး..
ကိုယ်ရဲ့..အဆိုးမရတဲ့စိတ်ကြောင့်..
အဆိုးမဖြစ်ပါရစေနဲ့…
မင်းကိုလွမ်းလို့ မျက်ရည်ကျစတမ်းဆိုရင်..
ပင်လယ်ပြင်တောင်..အိုင်ငယ်လေးဖြစ်သွားနိုင်တယ်…
ကဗျာတွေရေးနေလို့..
စိတ်လွမ်းပြေခဲ့မယ်ဆိုရင်…
ကိုယ်ရေးတဲ့ကဗျာတွေပေါ် မင်း..
လမ်းခင်းလို့..လျှောက်လှမ်းရနေပြီပေါ့…
မိုးဦးရောက်ရင်..မိုးနံသင်းတယ်..
ဆောင်းဦးရောက်ရင်.. ဆောင်းလေသွေးတယ်..
နွေဦးရောက်ရင်..သစ်ရွက်လေးတွေကြွေတယ်..
ဒါပေမဲ့… မင်းရဲ့ကိုယ်သင်းနံကတော့..
ရာသီတိုင်းမှာ..ကိုယ့်အတွက် သင်းနေတယ်…
ဖမ်းဆုပ်လို့မရတာ အချစ်ဖြစ်ပါစေ….
ဖြတ်လို့မရတာ..သံယောဇဉ်ဖြစ်ပါစေ…
ခွဲခွာလို့မရတာ…မင်းနဲ့ဒို့နှစ်ယောက် ဖြစ်ပါစေ…