မိုးရေအဆက်မပြတ်ရွာသွားမှုကြောင့် လမ်းများ၊ မြို့ရွာများ ရေနစ်မြုပ်နေ

ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေသဖြင့် မြန်မာနိုင်ငံတ၀ှမ်း ရေလွှမ်းမိုးမှု၊ လမ်းများ ပျက်ဆီးမှု၊ တောင်များ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်.. ရခိုင်ပြည်နယ်အတွင်း တောင်နံရံပြိုကျမှုကြောင့် လမ်းပမ်းဆက်သွယ်မှုတွေ ပြတ်တောက်လျှက်ရှိပါတယ်...
ထို့အတူ တရုတ်ပြည်နယ်တွင်း ဖြစ်ပေါ်လျှက်ရှိနေပါတယ်..

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရက်ပေါင်းများစွာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးတဲ့နောက်မှာ မြေပြိုမှုတွေ ဖြစ်ပွားလို့ လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေပါတယ်။

မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ် ပူလာဒီမြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေ၊ လျှပ်စစ်ဓာတ်အားပေး လိုင်းတွေနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ရာသီဥတု ကပ်ဘေးဆိုးတွေနဲ့ ကြုံနေခဲ့ရတာမှာ အခု ဗုဒ္ဓဟူးနေ့ မြေပြိုမှုက နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

Gansu ပြည်နယ်၊ Zhouqu မြို့မှာ အရင်တပတ်က အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးပြီး ၄၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ တောင်ပိုင်းက Sichuan ပြည်နယ် Wenchuan မြို့မှာလည်း မြေပြိုလို့ နောက်ထပ် လူ ၁၅ ဦး သေဆုံးရပါတယ်။

၂၀၀၈ ခုနှစ်မှာ မြေငလျင် ဆိုးဆိုးရွားရွားလှုပ်ပြီး လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့တုန်းကလည်း Wenchuan မြို့က ငလျင်ရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။



ချစ်တယ်တဲ့

တစ်ချိန်က မေးခဲ့မိတယ်..
ကိုယ့်အကြောင်း..သူ့အကြောင်း..
အချိန်တွေတိုင်း..ချစ်တယ်ဆိုတဲ့အကြောင်း...
နှလုံးအိမ်တောင် ပေါက်ကွဲမတက် ချစ်ခဲ့တယ်တဲ့..
မင်းပြောတော့ချစ်တယ်...ငါပြောတော့ညစ်တယ်...
ဒီလိုတစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ရတယ်...
သွားခဲ့ရတဲ့..နေရာတိုင်း ခြေရာတွေတောင် ထပ်ခဲ့ရတယ်..
ကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေ...၀ယ်ခဲ့ရတဲ့...အကျီင်္တွေ..ဒီမိုးရေထဲ..
ခုတော့...ငါမှားလား...မှားခဲ့လား..မှားသွားလား...
ဘာတဲ့..သူငယ်ချင်းတဲ့....
သူငယ်ချင်းတောင်..နှုတ်စိတ်တဲ့ သူငယ်ချင်း..ရေခဲတုံးသူငယ်ချင်းတဲ့..
မင်းပုံတွေဘာလုပ်ရမလဲ...မင်းကိုယ်ရောင်တွေဘာလုပ်ရမလဲ...
မင်းရနံတွေ ဘယ်လိုဖျောက်ရမလဲ...
သွားခဲ့ဖူးတဲ့နေရာတွေ ..ဘယ်လိုဖြတ်သန်းရမလဲ..
အတူစားခဲ့တဲ့ Jdonus ဘာသွားလုပ်ရမလဲ...
နောက်ဆုံးရလာဒ်ရဲ့ ခံစားမှုက..
တစ်ယောက်တည်းလား...


ကောင်မလေး

နာရီတိုင်း စက္ကန့်တိုင်းမှာ...အချစ်က..ပေါက်ဖွားနေခဲ့တာ...
ကောင်မလေး...ရင်တစ်ချက်တစ်ချက်ခုန်လိုက်တိုင်း..
ကန်ရေပြင်တောင်..လှိုင်းထလို့သွားခဲ့တယ်..
မြှားတစ်စင်းလို ပစ်ခွင်းလိုက်တဲ့ မင်းရဲ့အကြည့်တစ်ချက်အောက်မှာ..
သေဆုံးခဲ့ရတာ..
ရူးခဲ့ရတာ...
ညခင်းဆည်းဆာတောင် သိလို့..မနက်ခင်းကတောင်..မျက်စောင်းထိုးကြတယ်..
တကယ်လို့..အိမ်မက်မဟုတ်ခဲ့တောင်...
သေဆုံးနေတဲ့..နှလုံးသားကို အသက်သွင်းပေးပါ..




ဝေးရမှာလား..နီးရမှာလား...

ချစ်သူရေ..မင်းတစ်ယောက်သာ ကိုယ့်ရဲ့
စိတ်ကူးယဉ် အလှဆုံးပန်းကလေးတစ်ပွင့်ပါ..
ခုတော့..အိမ်မက်တွေဖြစ်သွားသလား...

ဒုက္ခစမ်းချောင်းကလေးထဲမှ..
ကျေးငှက်သံသာလေးတွေနဲ့အတူ..
ဦးတည်ရာမဲ့..ပင်လယ်ကို...အဖေါ်မဲ့အထီးကျန်စွာ..
တစ်ယောက်တည်းအလား....

ချစ်သူရေ..တကယ်ဆိုရင်...
ဝေးရမှာထက်..ဆွေးရဖို့က ပိုများနေတယ်ဆိုရင်..
ပြတ်သားတဲ့ဆုံးဖြတ်ကို ချလိုက်ပါ...
ဝေးရမှာလား..နီးရမှာလား...




Internet Download managers software

သူငယ်ချင်းများ အလွယ်တကူဒေါင်းလုပ် လုပ်နိုင်ရန် ၀က်ဆိုက်လေးတင်ပေးလိုက်ပါတယ်..
ဒီဆော့ဝဲလေးက ဖိုင်တွေကို ဒေါင်းလုပ် အလွယ်တကူလျှင်မြန်စွာ လုပ်ပေးနိုင်ပါတယ်...
အားလုံးအိုကိုစေဗျာ
Internet Download manager free download click

ဟိတ်ချစ်..

မမျှော်လင့်ဘဲ တွေ့ရတယ်..
မမျှော်လင့်ဘဲ ပျောက်ကွယ်ခဲ့ရတယ်..

ထိုင်ခဲ့တဲ့ ထိုင်ခုံလေးရယ်..
မိုးစက်တို့ဆင်းသက်ခဲ့တဲ့..ပါးပြင်လေးရယ်..

ခုတော့ ကိုယ့်မှာ..
အဖေါ်မဲ့တဲ့..ထိုင်ခုံလေးနဲ့..
ဆင်းသက်နေတဲ့..မျက်ရည်စက်လေးရယ်..
ထားရစ်ခဲ့ရက်တဲ့..ချစ်ရယ်..