ထိုင်နေကြ

ငါပြန်ရတော့မယ်..မိုးတွေရွာနေတယ်..
ဒဏ်ရာတွေ..ဘယ်လိုဆေးမျိုးထည့်မလဲ..
နာရီတွေက..အကုန်မြန်တယ်..
နေလုံးကြီးက...မြန်တယ်...
ကျောင်းကြီးကို..ဦးတည်ပါလျှက်နဲ့..
ခြေလှမ်းတွေ..လေးလျှံနေတယ်..
တို့တွေ..ထိုင်ခဲ့တဲ့.ခုံတန်းလျှားရယ်..
ဆွေးမြေ့နေလား...
လျှောက်ခဲ့တဲ့..လမ်းတွေ..
မှတ်မိပါပါ့မလား...
ထိုင်ခဲ့တော့ ကန်တင်းလေးရယ်..
မျက်ရည်မိုးတွေရယ်...
ငါတစ်ယောက်တည်း..
မိုးဖွဲလေးထဲမှာ..
စိန်ပန်းလေးတွေပေါ်..
ခြေလှမ်းတွေ..
မိုးစက်တွေက..ကိုယ်ပေါ်မှာ..
အဖေါ်ရယ်မပါ...တစ်ယောက်ထဲပါလား..
မင်းဘယ်ရောက်နေလဲ..
ကိုယ့်ကို..ထားရစ်ခဲ့လား...
ဒီကျောင်းတော်ကြီးမှာ..
လွမ်းလို့သေတော့မယ်..ချစ်သူ..
စောင့်နေပါတယ်.. ထိုင်နေကြနေရာလေးမှာ..ပါ

ဒီလိုလား

သူ့ဘဝ ကိုယ့်ဘ၀လှပတာတွေလဲ ရှိရဲ့
မောခဲ့တာတွေလဲရှိရဲ့
သူ့ရင်ခုန်သံ ကိုယ့်ရင်ခုန်သံအတူဆုံတာလဲ ရှိရဲ့
သံတူကြောင်းကွဲတာလဲ ရှိရဲ့
သူ့စိတ်နဲ့ ကိုယ့်စိတ်ကထပ်တူကျတာတွေ ရှိရဲ့
ကွဲလွဲတာတွေလဲ ရှိခဲ့
သူ့အလုပ် ကိုယ့်အလုပ်ကိုယ်စီ ရှုပ်နေချိန်လဲ ရှိရဲ့
ဆိုသီတေးဖွဲ့ချိန်တွေ ရှိခဲ့
ဒီလိုနဲ့...သူ့စကား.. ကိုယ့်စကားအသံမကြားရပဲ ဖြစ်သွားခဲ့..

ရေးချင်တာ


နင့် ဘ၀ အကြောင်းငါ့ ဘ၀ အကြောင်း
ကဗျာ တပုဒ် ရေးဖွဲ့ချင်ရဲ့
နင့်ရင်ထဲက အကြောင်းငါ့ရင်ထဲက အကြောင်းကဗျာ တပုဒ် ရေးဖွဲ့ချင်ရဲ့
နင့်စိတ် အကြောင်းငါ့စိတ် အကြောင်းကဗျာတပုဒ် ရေးဖွဲ့ချင်ရဲ့
နင့်အလုပ် အကြောင်းငါ့ အလုပ် အကြောင်းကဗျာတပုဒ် ရေးဖွဲ့ချင်ရဲ့
ကဗျာမဖြစ် စာတွေပဲဖြစ်ဒီစာတွေကို ကဗျာဖြစ်အောင် ရေးဖွဲ့ချင်ရဲ့
ဒီ တညရဲ့ စာတွေထဲငါ ကိုယ်တိုင် ကဗျာ ဖြစ်သွားခဲ့ရတယ်...
မနက်ဖြန်တိုင်းဟာ...မင်းအတွက်ဘဲလား..
တွဲလက်တွေဖြုတ်တုန်းက..နှလုံးသားကြေခွဲခဲ့ရတာ..
ကိုယ်လား..
လွမ်းနေတယ်ပြန်လာခဲ့ပါ..လမ်းဟောင်လေးထဲ...
အသည်းတွေတောင်..ကွဲအက်ခဲ့ရတယ်..
သနားပါအုံးချစ်သူ..
မင်းအချစ်သာ..ကိုယ့်ကို..ကုစားရမှာပါ..
ကိုယ့်ရဲ့နောင်တတွေက.. အဝေးကြီးမှာ..

ခါးသတ်တဲ့သူငယ်ချင်း

နားလည်ပေးပါချစ်သူ...
ကိုယ်မျှော်လင့်တာ..မင်းပါ..
အနာဂါတ်ဟာ..မင်းပါ..
ယုံကြည့်လိုက်ပါ..ကိုယ့်ကိုပါ..
ခါးသက်တဲ့နေ့တွေကို..ကိုယ်ကျေုာ်ဖြတ်နေတယ်..
ခါးသတ်တဲ့နေ့တွေကို.. ကိုယ်တိုက်ခိုက်နေတယ်..
ခါးသတ်တဲ့နေ့တွေဟာ..ကိုယ့်ရဲ့ ..သူငယ်ချင်းပါ...

ပုစ္ဆာ

ကြယ်တွေ..ကြွေခဲ့မယ်..
လတွေ..ပျောက်ကွယ်သွားမယ်.
ကမ္ဘာဆိုတာ..ပျက်သုဉ်းသွားမယ်..
ဒါပေမဲ့...ဘယ်သောမှ..
မပျောက်ကွယ်တာ..အချစ်ပါ..
အိမ်မက်လည်း..မက်ခဲ့တယ်..
အိပ်ယာထလည်း..သတိရတယ်..
ကျောင်းသွားလည်း..သူကို..ရှာမိတယ်..
အလုပ်သွားခဲ့လည်း..သူနဲ့တွေ့မလား...
အချိန်တန်အိမ်ပြန်ရင်..သူမျက်နှာလေးကို..
အမောဖြေတွေ့ချင်တယ်...
ချစ်သူရယ်..ခဲဖျက်နဲ့ဖျက်မရတဲ့..ပုစ္ဆာလား..
ဝေးနေရပေမဲ့..နီးနေတာ..အချစ်ပါ..
တကယ်လို့သာ..နီးနေမယ်ဆိုရင်..
အားပေးမယ်..လွတ်လပ်တဲ့စိတ်နဲ့..ပျော်စေမယ်..
အဖေါ်မဲ့စွာ..မထားရစ်ခဲ့ပါဘူး..
မင်းသတိရတာ..ကိုယ်ဖြစ်စေ..
ဆုတောင်းတာ ..ကိုယ်ဖြစ်စေ..
ကိုယ်ဆုတောင်းခဲ့ပါတယ်..
ချစ်နေတာ..ကိုယ်ဖြစ်ပါစေ...

နေခွင့်ပေးပါ..

ကိုယ်တို့တွေသာ..ဝေးကွာခဲ့ရင်..
ကိုယ်တို့တွေ.. ဘယ်လိုဆက်ဆံရမလဲ..
ကိုယ်တို့တွေ.. ဘယ်လို..ရှောင်ရမလဲ..
ကိုယ်တို့တွေ.. ဘယ်လိုသွားလာရမလဲ..
ကိုယ်တို့တွေ.. ဘယ်လိုအိပ်ကြမလဲ..
အတွေးတိုင်း.. အိပ်မက်တိုင်း..
ဝင်ရောက်မွှေနေတဲ့..အရာဝတ္ထုကို..
ချစ်သူရယ်..ကိုယ်ဘယ်လိုဖြေရှင်းရမလဲ..
လမင်းသာလို့သာ.. အလွမ်းဖြေရပေမဲ့..
နေမင်းထွက်လို့... ကိုယ်ဘယ်လိုတွေ..
ရင်ဆိုင်ရမလဲ..
ရင်ဖွင့်လိုက်ချင်တယ်...
ကွယ်ပျောက်မသွားတဲ့..ကိုယ့်ချစ်ကိုတံခါးဖွင့်ထားပါ့မယ်..
ဒါပေမဲ့..မေ့မသွားတာ..
ကိုယ့်ကြောင့်ပါ...
အချစ်ကို.. ကစားတာ..သူ့ကြောင့်ပါ..
အရူးအမှုးနဲ့..ရူးခဲ့ရတာ..ကိုယ်တို့တွေကြောင့်ပါ..
အချစ်ကို..နေ၀င်နေထွက်လို..
မလုပ်ခဲ့ဘဲ.. ချစ်နေပါစေ..
ဝေးမသွားတဲ့.. သံလိုက်ကလေးလို..
ဖြစ်နေပါစေ...
ခွဲမသွားတဲ့.. သံယောဇဉ်လေးနဲ့..
မျက်ဝန်းလေးထဲမှာ..နေပါရစေ..
ချစ်သူရယ်..

နှလုံးသားရှာခဲ့ရသူများအတွက်သာ

ဘ၀မှာ..ပျော်စရာလေးတွေ..အများကြီးပါ..
စိတ်ပျော်ရွှင်ရာကို..သွားကြည့်ပါ..
ကိုယ်ကိုတိုင် ပျော်ရွှင်ခဲ့မယ်..
ပျော်စေရမယ်..
ဒဏ်ရာတွေအားလုံးမေ့ပျောက်သွားမယ်...
အချစ်ဆိုတာ.. ဆုံးရှုံးခြင်း..နစ်နာခြင်း...မရှင်းနိုင်ခြင်း..
အများကြောင့်ဖြစ်ရတဲ့..ကိစ္စ.. မမျှော်မှန်းနိုင်တဲ့ အကြောင်းအရာ..
ငြိမ်းချမ်းခြင်းလိုလားသူ... ဘ၀မှာ..သူ့အတွက်သာ..

အများရယ်..အများကြီးရယ်ပါ.....ပြောစရာမကုန်ပါဘူး....
အချစ်ကိုတွေ့ဖူးတယ်..မမြင်ဖူးသူလည်းပါတယ်...

ဒါပေမဲ့..ယောက်ျားလေးက..မှားတာပါလို့...ကမ္ဘာပေါ်က..
မိန်းကလေးများက..အားနွဲ့သူများက..ယူဆတယ်... ယူဆကြတယ်..

မိန်းမ..မာယာသဲကိုးဖြာ...
အမှန်ပါ.. မိန်းကလေးက ပိုပြီးတော့မှားကြတယ်..
၉၀% ထိ မှားကြတယ်..
ဒါပေမဲ့..မသိသလိုနေကြတယ်.. သူများကို..
များသောအားဖြင့်..သူ့ချစ်သူတွေကို.. နှိပ်စက်ကြတယ်..
ဒါတွေဟာ... အလိမ်မပေါ်အောင်.. တရားသောအားဖြင့်..ဖုံးဖိနည်းတစ်မျိုးပါ..
(အများကိုမဆိုလိုပါဘူး...)
တစ်ခုဆိုးတာက..ယောက်ျားလေးများက..
သူတို့ရဲ့လှည့်ကွက်ကို ယုံကြတယ်..
အဲဒါဆိုးတာဘဲ...
ခုခေတ်ခုခါနဲ့ဆိုရင်..မိန်းကလေးများက..
တော်တော်လေး..နားလည်နေကြပါပြီ..
ချစ်သူက..ဘယ်သူလဲဆိုတာ..သူတို့စိတ်ကူးမှာ..
မရှိကြပါဘူး..
ခေတ်ကာလက..ပြောင်းလဲကုန်ကြပြီလို့..ကျွန်တော်ထင်ပါတယ်..ထင်ပါတယ်..
မထင်ရက်စရာလည်း..အများကြီးရှိပါတယ်..များသောအားဖြင့်ပေါ့..
ယောက်ျားလေးများ..သတိရှိရှိလေးနဲ့..
နားလည်သိတက်ဖို့အတွက်သာ..လိုလားမှုအတွက်ရယ်..မဟုတ်ဘဲ..
စိတ်ကိုမဆုံးဖြတ်ပါနဲ့လို့... ပြောချင်တာ..သေချာလေး..ဆုံးဖြတ်သင့်တဲ့..အချိန်အခါဖြစ်နေတယ်...
ဒါပါဘဲ..
(ဘာသာပြန်ဆိုသည်)

လက်မထပ်ခင်နှင့် လက်ထပ်ပြီးချိန်

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး- ဟင်းနော်….ထားသွားလိုက်ရမလား
အမျိုးသား- အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး- တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား- ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး- ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး- ကျွန်မကို နမ်းချင်သလား ဟင်?

အမျိုးသား- အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး- ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား- အင်း
အမျိုးသမီး- မောင်ရယ်…
လက်ထပ်ပြီးတဲ့အခါ….
အောက်ကနေသာ ပြန်စဖတ်လိုက်ပါ