အလွမ်း

နှုတ်ဆက်တဲ့စကားသံလေး....
နောက်ထပ်မလာပါစေနဲ့တော့..
ညနက်ထဲ..အိပ်ယာထဲမှာ...
မေ့ပျောက်လို့မရတဲ့..မေ့မျက်နှာလေးရယ်..
ချစ်သူရင်ခွင်ထဲ..တိုးဝှေ့အိပ်လိုက်ပါလား..

ယုံကြည်ချက်တစ်ခုအတွက်...ကိုယ့်ကို..
ခွင့်လွှတ်ပေးပါ...ကျန်တာတွေ..မေ့ထားလိုက်ပါ..
ပျော်သလိုသာနေလိုက်ပါ...

အခွင့်သာခဲ့မယ်ဆိုရင်..အလွမ်းတွေကို..
အဝေးကိုလွင့်ပစ်လို့....
ချစ်သူဆီသာ..အရောက်လာမှာပါ..

တခါတရံ...သီချင်းလေးညည်းလို့..
အလွမ်းဖြေခဲ့မိတယ်..ချစ်သူ...
သီဆိုသူကို...ကျေးဇူးတင်မိလိုက်တယ်...
သူတို့သာမရှိခဲ့ရင်....ကိုယ့်အလွမ်းတွေ..
အော်ဟစ်မိလိုက်ချင်တယ်ချစ်သူ..

ချစ်သူစကားသံတွေကြားနေမိတယ်....
မစိုးရိမ်ပါနဲ့...သီချင်းလေးနဲ့အတူလိုက်ညည်းလိုက်ပါမယ်....

ချစ်သူ

....ချစ်သူ....
ရန်မဖြစ်တာ..ရက်ကလေးတောင် တော်တော်ကြာနေပြီနော်..
အချစ်က..အေးချမ်းပါတယ်...
မျက်ဝန်းအိမ်က..ငိုချင်ပါတယ်..
ပြောင်းလဲနေတဲ့...နေ့နဲညတိုင်းမှာ...
သီဆိုခဲ့တဲ့..အလွမ်းသီချင်း...

မလွမ်းချင်ဘူး ကောင်မလေးရေ..
ဖြေသိမ့်လိုက်ပါ့မယ်...
ပြန်မဆုံတဲ့သူတွေမှ...မဟုတ်တာ..
ဝေးရမဲ့အကြောင်း..မတွေးချင်ခဲ့ဘူး..
ခု...အတွေးတွေထဲဝင်လာတာ...
ကောင်မလေးကို လွမ်းလို့ပါ...
လွမ်းတဲ့အခါတိုင်းစာတွေရေးခဲ့တယ်..
ကိုယ်ရဲ့..အလွမ်းစာပေါ်မှာ...
လမ်းခင်းလို့သာ လျှောက်လှည့်ပါ....ကောင်မလေးရေ..

ရေမြေခြားလည်း

နယ်မြေတွေ၊ ရေမြေတွေခြားနားနေနေ
လမင်းအသိပါ..ကြယ်လေးတွေလည်း အသိပါ..
တောင်တန်းတွေတောင်..အသိဆုံးပါ..

ကောင်မလေး..ငိုမနေပါနဲ့...
ပြန်ဆုံဖို့..ပြက္ခဒိန်တွေပေါ်မှာ ..ရေတွက်နေပါတယ်..
ကိုယ်တို့အရင်လိုအချိန်တွေ...
တိမ်တွေပေါ်မှာ..ပေါ်နေတယ်..
မျက်လုံးမှိတ်လိုက်တိုင်း..ကောင်မလေးရဲ့
ပုံရိပ်တွေ..ပေါ်နေပါတယ်..

ချစ်ပါတယ်..ကောင်မလေးရေ..
အချိန်တွေ..အခြေအနေတွေရသာ..
မတွေ့ရတာပါ..
ရင်ခုန်သံခြင်း..အတူတူပါ...

ကိုယ့်ရဲ့ရင်ခုန်သံလေးကြားရင်..
ကောင်မလေးရဲ့နားမှာ...
သာယာမှုလေးတွေနဲ့...
အိပ်ပျော်နိုင်ပါစေ...

ကောင်မလေး

ကောင်မလေး...ရက်စက်တယ်လို့..
မစွပ်စွဲရက်ဘူး...လေသာယာမှာ ..
ပန်းတွေယိမ်းနေခဲ့ပေမဲ့...ပန်းရနံကတော့..
လေယူရာမယိမ်းပါဘူး..
အချစ်မှာ...သွေဖယ်ယာ..နှလုံးသားမှာ..
ငါ့အတွက် မမေ့စရာရယ်ပါ...
ဘ၀မှာ..ကြွေကျသွားတဲ့ညက.. အဆိုးဆုံးပါ..
အသည်းခွဲခဲ့တဲ့ကောင်မလေးရယ်..
ကိုယ့်အဆိုးဆုံးရက်ဆိုတာ..
သတိမရခဲ့ပါဘူး...
ရွေးချယ်နိုင်တဲ့..ဘ၀ကို...
မင်းသတိရနေပါ....